လုပ်ခလစာနှင့်သက်ဆိုင်သည့် လုပ်ဆောင်မှုများကို လူကြီးမင်းတို့ကိုယ်တိုင် လုပ်ဆောင်ရန်မှာ အချိန်များစွာပေးရ ပြီး၊ အသေးစိတ်အာရုံစိုက်နိုင်ရန်အတွက် လိုအပ်ပါသည်။ လူကြီမင်းတို့၏ အဖိုးတန်သောအချိန်များကို မကုန်ဆုံး စေဘဲ၊ အဓိကစီးပွားရေးလုပ်ငန်းဆောင်တာများ အပေါ်တွင် ပိုမိုအာရုံစိုက်နိုင်ရန်အတွက် ကျွန်ုပ်တို့၏ ၀န်ဆောင်မှု သည် စီးပွားရေးလုပ်ငန်းရှင်များအား သတ်မှတ်ရက်အတွင်း တိကျမှန်ကန်သောလစာများ တွက်ချက်ပေးချေခြင်း၊ အခွန်ပေးဆောင်မှုဆိုင်ရာ လုပ်ငန်းစဉ်များအား ဝန်ဆောင်မှုပေးခြင်းတို့ဖြင့် ကူညီဖြေရှင်းပေးနိုင်ပါသည်။
ကျွန်ုပ်တို့၏ကျွမ်းကျင်ပညာရှင်အဖွဲ့သည် လုပ်ခလစာနှင့် အကျိုးခံစားခွင့်ဆိုင်ရာဝန်ဆောင်မှုဖြစ်သည့် လူမှု ဖူလုံရေး (SSB) နှင့် လစာ၀င်ငွေခွန်(PIT) ၀န်ဆောင်မှုများအပါအ၀င် ယုံကြည်စိတ်ချရသော လုပ်ခလစာ ၀န်ဆောင်မှုများကို အခွန် နှင့် အလုပ်သမားဥပဒေများ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီစေရန် လစဉ် ရေးဆွဲပေးနေပါသည်။
လူကြီမင်းတို့အနေဖြင့် မိမိတို့၏လုပ်ငန်းလိုအပ်ချက်များအပေါ်မူတည်၍ ဝန်ထမ်းလစာရေးဆွဲခြင်းကို စိတ်ကြိုက် ရွေးချယ်၍ ဝန်ဆောင်မှုရယူနိုင်ပါသည်။
လူကြီးမင်းတို့ အသုံးပြုရယူလိုသည့် ဝန်ဆောင်မှုအပေါ်မူတည်၍ ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ဝန်ဆောင်မှုနှုန်းထားသည် ဝန်ထမ်းအရေအတွက်ပေါ်တွင်မူတည်၍ ကွဲပြားမှုရှိနိုင်ပါသည်။
လူကြီးမင်းတို့ အသုံးပြုရယူလိုသည့် ဝန်ဆောင်မှုအပေါ်မူတည်၍ ညှိနှိုင်းဆောင်ရွက်ပေးပါသည်။ ဝန်ဆောင်မှုနှုန်းထားသည် ဝန်ထမ်းအရေအတွက်ပေါ်တွင်မူတည်၍ ကွဲပြားမှုရှိနိုင်ပါသည်။