Beta

BSCI စံနှုန်းများနှင့်ကိုက်ညီမှုရှိစေရန် စာရင်းစစ်ပေးခြင်း ဝန်ဆောင်မှု

BSCI သည် ကုန်သွယ်မှု၊ ကုန်ထုတ်လုပ်မှုနှင့် လက်လီရောင်းချမှုကဏ္ဍများရှိ BSCI အဖွဲ့ဝင်ကုမ္ပဏီများ၏ ထောက်ပံ့ မှုကွင်းဆက်တွင် လုပ်ငန်းခွင်အခြေအနေများအား ပိုမိုတိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ထားသည့် စနစ် တစ်ခုဖြစ်သည်။

Top HR သည် လူ့အခွင့်အရေးဆိုင်ရာသတ်မှတ်ချက်များ၊ ILO သဘောတူညီချက်များနှင့် တည်ဆဲအလုပ်သမား ဥပဒေများကဲ့သို့သော BSCI ကျင့်ထုံးများနှင့်အညီ ပြည်တွင်းအထည်ချုပ်စက်ရုံများတွင် BSCI စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် စာရင်းစစ်ပေးခြင်းဝန်ဆောင်မှုအား ဆောင်ရွက်ပေးပါသည်။

လုပ်ငန်းခွင်အခြေအနေ၊ အလုပ်သမား၏ရပိုင်ခွင့်၊ ကျန်းမာရေးနှင့် ဘေးကင်းရေး အစီအမံများအား တည်ဆဲ အလုပ်သမားဥပဒေများနှင့် ကိုက်ညီမှုရှိစေရန် လိုက်နာခြင်းစသည့် ကဏ္ဍပေါင်းစုံကို စစ်ဆေးအကဲဖြတ်ပေးသည်။ 

TOP HR ၏ ဝန်ဆောင်မှုအား ရယူခြင်းဖြင့် BSCI စာရင်းစစ်ရာတွင် ရရှိလာနိုင်သည့်ရလဒ်များအရ အဖွဲ့အစည်း များသည် ၎င်းတို့၏ လူမှုရေးဆောင်တာကိစ္စရပ်များ၊ ဝန်ထမ်းရေးရာနှင့်သက်ဆိုင်သည့် လုပ်ငန်းခွင်အခြေအနေ များတွင် ပိုမိုတိုးတက်ကောင်းမွန်လာမည်အပြင်၊ ဝန်ထမ်းများ၏ အခြေခံရပိုင်ခွင့်များအနေဖြင့်လည်း ပြည့်ဝစွာ ဆောင်ရွက်ပေးနိုင်စေရန် ပံ့ပိုးကူညီပေးနိုင်ပါသည်။