Beta

Message from CEO

CEO Message

ပထမဦးစွာ TOP HR SOLUTIONS Website သို့ စိတ်ပါဝင်စားစွာဖြင့် ဝင်ရောက်လေ့လာ ကြည့်ရှု့သည့်အတွက် ကျေးဇူးအထူးတင်ရှိပါတယ်။

TOP HR SOLUTIONS Co., Ltd. ကို ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီး ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းကြီးများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအဖွဲ့အစည်းများနှင့် အခြားဖက်စပ်စီးပွားရေး လုပ်ငန်းအဖွဲ့အစည်းများအတွက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုရေးရာ ကဏ္ဍအစုံတွင် ဝန်ဆောင်မှုပေး လျှက်ရှိပါတယ်။ သွက်လက်တက်ကြွပြီး ပညာရပ်ဆိုင်ရာကျွမ်းကျင်သောဝန်ထမ်းများနှင့်အတူ အကောင်းဆုံး ဝန်ဆောင်မှုများဖြင့်ဆောင်ရွက်ပေးလျှက်ရှိပြီး အရည်အသွေးပြည့်မီသော ရလဒ်ကောင်းများရရှိစေရန် အမြဲ အလေးအနက်ထားဆောင်ရွက်ပေးသည့်အတွက် အောင်မြင်မှုများစွာရရှိထားသော လုပ်ငန်းတစ်ခုဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်နှောင်းပိုင်းတွင် TOP HR Solutions နှင့်အတူ Myanmar Career Bridge Academy (MCBA) ကိုတည်ထောင်ခဲ့ပြီး စီးပွားစီမံခန့်ခွဲမှုဆိုင်ရာအသိအမှတ်ပြု ကျွမ်းကျင်အရည်အချင်းစစ် သင်တန်းများအား ပို့ချပေးလျှက်ရှိပြီး စွမ်းရည်ပြည့် စီမံခန့်ခွဲမှုအရာရှိလောင်းလျာများအား စနစ်တကျ လေ့ကျင့်ပျိုးထောင်၍ မွေးထုတ်ပေးလျှက်ရှိပါတယ်။ 

စီးပွားရေးလုပ်ငန်းရှင်များ၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ထမ်းဆောင်နေသူများ အတွက် မိမိတို့လုပ်ငန်းများ၏ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုလုပ်ငန်းစဉ်များအား အကောင်ထည်ဖော် ‌ဆောင်ရွက်ရာတွင် တည်ဆဲအလုပ်သမားဥပဒေများအား ကောင်းမွန်နှံ့စပ်စွာသိရှိနားလည်ပြီး အသုံးချနိုင်ရန်အတွက် မြန်မာနိုင်ငံ ၏တည်ဆဲအလုပ်သမားဥပဒေများအား စုစည်းပြီး အလုပ်သမားဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူကာ တစ်စု တစ်စည်းတည်း လွယ်ကူစွာလေ့လာ၍ ကိုးကားအသုံးပြုနိုင်ရန်အတွက် ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် TOP Publishing House မှ "မြန်မာအလုပ် သမားဥပဒေပေါင်းချုပ်" ကို ထုတ်ဝေခဲ့ပါတယ်။

အလုပ်သမားဉပေဒပေါင်းချုပ်စာအုပ်နှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် မိမိတို့၏ လုပ်ငန်းများတွင် တည်ဆဲ အလုပ်သမားဥပဒေများနှင့်အညီ ဆောင်ရွက်ထားမှု ရှိမရှိ ကိုယ်တိုင်စစ်ဆေးနိုင်ရန်အတွက် ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် "အလုပ်သမားဥပဒေနှင့်ကိုက်ညီမှုစစ်ဆေးခြင်း" စာအုပ်အား မြန်မာ၊ အင်္ဂလိပ် (၂)ဘာသာဖြင့် ပြုစုထုတ်ဝေပေးခဲ့ပါတယ်။

ထို့အပြင် ယခင်ထုတ်ဝေခဲ့သည့် အလုပ်သမားဥပဒေပေါင်းချုပ်ကဲ့သို့ ဥပဒေသီးသန့် စုစည်းမှုအသွင်ထက် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု လုပ်ငန်းစဉ်များနှင့်သက်ဆိုင်သော မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ စည်းမျဉ်းစည်းကမ်းများ ချမှတ်ဆောင်ရွက်ရာတွင် စနစ်တကျလွယ်ကူစွာဖြင့် ကိုးကားနိုင်ရန်အတွက် ဆက်စပ် အသုံးပြုရမည့် ဥပဒေစာရင်းများကို ဖော်ပြပေးထားသည့် "မြန်မာအလုပ်သမားဥပဒေနှင့် ဆက်စပ်ဥပဒေများ" စာအုပ်အား ထပ်မံထုတ်ဝေပေးခဲ့ပါတယ်။

ကျွန်မတို့  TOP HR SOLUTIONS အနေဖြင့် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများတွင် အလုပ်ရှင် အလုပ်သမား ဆက်ဆံရေးကောင်းမွန်ပြီး တည်ငြိမ်အေးချမ်း၍ ထုတ်လုပ်မှုစွမ်းအား တိုးတက်ကောင်းမွန်သော အောင်မြင် သည့်စီးပွားရေးလုပ်ငန်းများ ပေါ်ပေါက်လာစေရန်အတွက် လိုအပ်သော ဝန်ထမ်းရေးရာစီမံခန့်ခွဲမှု လုပ်ငန်းစဉ် များနှင့်ပတ်သတ်၍  တစ်ဖက်တစ်လမ်းမှ ပံ့ပိုးကူညီပေးခြင်းအားဖြင့် ကျွန်မတို့ ချမှတ်ထားသော အနာဂါတ် မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်အညီ အကောင်းဆုံးသောဝန်ဆောင်မှုများအား ဆောင်ရွက်ပေးနိုင်ရန် အမြဲကြိုးစားအားထုတ်လျှက်ရှိပါတယ်။

 

ကျေးဇူးတင်ရှိစွာဖြင့်

‌‌မော်မော်ထွန်း

အမှုဆောင်အရာရှိချုပ်

Top HR Solutions Co., Ltd.

Message from CEO