ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်အဖွဲ့အား အစိုးရအဖွဲ့အစည်းများတွင် ရာထူးတာဝန်ကြီးများ ထမ်းဆောင်ခဲ့သော အစိုးရ ဝန်ထမ်းဟောင်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာ ကုမ္ပဏီအဖွဲ့အစည်းများတွင် တာဝန်ယူခဲ့သော၊ လူ့စွမ်းအား အရင်းအမြစ်ပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် အတွေ့အကြုံရင့်သူများ၊ အလုပ်သမားဉပဒေပညာ ကျွမ်းကျင်သူများနှင့် စွမ်းဆောင်ရည်ပြည့်သော လူ့စွမ်းအားအရင်းအမြစ်ဗေဒ အထူးပြုသူ လူရွယ်များစသည်တို့ဖြင့် အမျိုးအစားစုံလင်စွာ ဖွဲ့စည်းထားခြင်း။
လုပ်ငန်းအပ်နှံသူတို့၏ လိုအပ်ချက်များပေါ်မူတည်၍ အရည်အသွေးပြည့်မီသည့် ထူးကဲသော ဝန်ဆောင်မှုများကို ကျွမ်းကျင်ပညာရှင်များမှ အစဉ်တစိုက် ဖြည့်ဆည်းပေးခြင်း။
ကမ္ဘာ့ HR ရေစီးကြောင်း နှင့်ရင်ပေါင်တန်းပြီး ကျွန်ုပ်တို့သည်ဒေသတွင်း အစောဆုံး HR ဝန်ဆောင်မှုပေးသည့် လုပ်ငန်းတစ်ခု ဖြစ်ခြင်း။
ကျွန်ုပ်တို့သည်
• မြန်မာနိုင်ငံ၏ ပထမဆုံး အလုပ်သမားဥပဒေပေါင်းချုပ် ပြုစုထုတ်ဝေသူ
• တည်ဆဲ အလုပ်သမား ဥပဒေများနှင့်ကိုက်ညီမှုရှိ/မရှိစစ်ဆေးနိုင်သည့်လမ်းညွှန်စာအုပ်ကို မြန်မာနိုင်ငံတွင် ပထမဆုံး ထုတ်ဝေနိုင်သူ
• မြန်မာနိုင်ငံ၏ ပထမဆုံး အလုပ်သမားဥပဒေသင်တန်းများ ပို့ချပေးသူ ဖြစ်သည်။