Beta
အလုပ်သစ် ရှာမယ်ဆိုရင်

အလုပ်သစ် ရှာမယ်ဆိုရင်

အလုပ်အကိုင်အခွင့်အလမ်း အသစ် ရှာဖွေကြရတဲ့ အကြောင်း အမျိုးမျိုး ရှိကြမှာပါ။

ဘယ်လိုကြောင့်ပဲ အလုပ်သစ် ရှာဖို့ ဆုံးဖြတ်သည် ဖြစ်စေ၊ အောက်ပါ အဆင့်လေးတွေ အတိုင်း လုပ်သွားမယ် ဆိုရင်ဖြင့် အချိန်ကုန် သက်သာစွာနဲ့ မိမိနဲ့ သင့်တော်ကိုက်ညီမယ့် အလုပ်ကို ရှာဖွေ တွေ့ရှိနိုင်မှာပါ။

၁။ CV ရေးသာခြင်း

အလုပ်သစ် ရှာတော့မယ် ဆိုတာနဲ့ ပထမဆုံး လုပ်ရမှာကတော့ CV တစ်စောင် ရေးဖို့ပါပဲ။

အရင်တုန်းက ရေးပြီးသား အဟောင်းရှိပြီး ဖြစ်နိုင်ပေမယ့်လို့ Update လုပ်ဖို့ လိုပါသေးတယ်။

CV ရေးတော့မယ် ဆိုရင် ပထမဦးဆုံး CV ဆိုတာ ဘာလဲ သိဖို့လိုပါမယ်။ CV လို့ အတိုကောက် ခေါ်နေကြတဲ့ Curriculum Vitae ဆိုတာ Latin ဘာသာစကားဖြစ်ပြီး အင်္ဂလိပ်လို Courses of Life လို့ အဓိပ္ဗါယ်ရပါတယ်။

CV ရေးတဲ့ အခါ ရည်ရွယ်ချက် ကို တိတိပပ သိထားရပါမယ်။ အဲဒါကတော့ ဒီ CV ဟာ ကိုယ့်ရဲ့အလုပ်ရှင် ဖြစ်လာနိုင်လောက်သူ တစ်ဦးထံကို ကိုယ့်ကိုယ်ကို ဈေးကွက်တင်ဖို့ပါ။ ကိုယ့်ကိုယ်ကို Marketing လုပ်ဖို့ပေါ့။ CV ဟာ ကိုယ့်ရဲ့ အလုပ်ရှင် ဖြစ်လာနိုင်လောက်သူ တစ်ဦး ဖတ်ဖို့၊ ဖတ်ပြီး မိမိကို စိတ်ဝင်တစား ခေါ်ယူ တွေ့ဆုံ မေးမြန်းလိုစိတ် ဖြစ်ဖို့ ပါ။ ခေါ်တွေ့ပြီးတဲ့ အခါ ကိုယ့်ရဲ့ အရည်အချင်း အရည်အသွေး၊ ကျွမ်းကျင်မှု နဲ့ လုပ်သက် အတွေ့အကြုံများကို မျက်နှာချင်းဆိုင် လူချင်း ပြောပြခွင့် ရမယ့် အခွင့်အရေး နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ဖို့ ပထမဆုံးသော ခြေလှမ်း ဖြစ်တာမို့ CV ကို ပြီးလွယ် စီးလွယ် မရေးသင့်ကြပါဘူး။

CV Form ရေးတဲ့အခါ ဆောင်ရန် ရှောင်ရန်တွေကတော့

ဒီလင့်မှာသွားဖက်လို့ရပါတယ် https://cutt.ly/smcAzeo

၂။ Marketing yourself ( မိမိကိုယ်ကို ဈေးကွက်တင်မယ်)

ပစ္စည်းတစ်ခု ရောင်းတော့မယ် ဆိုရင် ကိုယ်ရောင်းမယ့် ပစ္စည်းအကြောင်း ကောင်းကောင်း သိဖို့ လိုတယ် မဟုတ်လား။ ကိုယ့်ကိုယ်ကို ဈေးကွက်တင်တော့မယ် ဆိုတော့ ကိုယ်ဘယ်လို လူစားလဲ သိမှ ဖြစ်မယ်။ သည်တော့ မိမိကိုယ်ကို သိဖို့ အတွက် ပထမဆုံး လုပ်ရမှာက SWOT ပါ။

Strengths

Weaknesses

Opportunities

Threats

- ပထမဆုံး မိမိအားသာချက်တွေကို မြင်အောင်ကြည့်ပါ။ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု အပြင် မိမိရဲ့ ကိုယ်ရည်ကိုယ်သွေးပေါ့။ ပြီးရင် ချရေးပါ။

- ပြီးရင်တော့ အားနည်းချက်တွေကဘာတွေလဲ။ ဘာသာစကားအားနည်းလား။ လုပ်ငန်းအတွေ့အကြုံလား။ ချရေးပါ။

ကဲ.. ခုဆိုရင် ကိုယ့်အကြောင်းကိုယ် သိပြီ။ ကိုယ်ဘာတွေမှာ တော်ပြီး ဘာတွေမှာ အားနည်းနေလဲ ဆိုတာကို မှန်မှန်ကန်ကန် မြင်ပြီ ဆိုရင် ကိုယ့်အတွက် ဘယ်လို အလုပ်မျိုးတွေ ရွေးချယ် လျှောက်ထားမလဲ၊ ဘယ်လို အခွင့်အလမ်းတွေပွင့်နေသလဲ ဆက်ကြည့်လို့ ရပါပြီ။ အလုပ်သစ် မလျှောက်ခင် မိမိ အားနည်းချက်တွေထဲက ပြုပြင်မြှင့်တင်လို့ရမရလည်း ဆန်းစစ်လို့ရသေးတယ်နော်။ အချိန်ပေးနိုင်သေးရင် ဈေးကွက်မတင်ခင် ပြုပြင်လို့ရပါသေးတယ်။

အလုပ်အကိုင်သစ် Opportunity တွေကို ကြည့်တဲ့အခါ ဒီ (၃) ချက်ကို ကြည့်ဖို့ မမေ့ပါနဲ့ဦး

- ဝင်ငွေပိုရမှာလား။ လစာသိသိသာသာကောင်းသွားမှာလား။

- အိမ်နဲ့ ပိုနီးသွားမလား၊ ဝေးသွားမှာလား။

- လုပ်ငန်းကျွမ်းကျင်မှုတွေ ပိုရမှာလား။ (အခုအလုပ်မျိုး အခုလို ကုမ္ဗဏီမျိုးကိုပဲ သွားရင် ဒါဒါပဲ ပြန်လုပ်နေရမယ်။ အခုထက်ပိုတဲ့ ရာထူးတာဝန်နဲ့ အခုလို ကုမ္ဗဏီမျိုးပဲလား၊ အခုလို အလုပ်မျိုးကိုပဲ အခြား ကုမ္ဗဏီ အမျိုးအစားမျိုးလား။ စတာတွေတွက်ဖို့ပါ)

အဲသည် (၃) ချက်ထဲက ဘယ်ဟာကို ဇောင်းပေးပြီး အလိုချင်ဆုံးလဲ ပေါ်မူတည်ပြီး နည်းနည်းဆီ အလျှော့အတင်းလေး ချင့်ချိန် ရွေးချယ်ဖို့ပါ။

အဲသလို Opportunity တွေမြင်ပြီ ဆိုရင် Threats ကိုလည်း မေ့ထားလို့ မဖြစ်ပေဘူး။ ဘယ်လို အတားအဆီးတွေ ရှိနိုင်သေးလဲ။ ကိုယ့်အသက်က အဲသည် အလုပ်အတွက် နည်းနည်းများ ကြီးနေမလား။ ဒါမှ မဟုတ် ကိုယ့်လုပ်သက်က အဲသည် ရာထူးအတွက် နည်းနေသေးလား။ အဲဒါလေးတွေကို လည်း သုံးသပ်ပါဦး။ ဒါကို သုံးသပ်ရတာက ကြောက်ဖို့ တွန့်ဆုတ် ဖို့ မဟုတ်ဘူးနော်။ ဘယ်လို ကျော်လွှားနိုင်မလဲ ကြိုတင် ပြင်ဆင် ထားဖို့ပါ။ အလုပ်အင်တာဗျူးများ ဝင်ခဲ့ရရင် အသက်ကြီးနေတယ် ဆိုတဲ့ အားနည်းချက်ကလေးဟာ အဆိုပါ ရာထူးအတွက် ကိုယ့်မှာ လုံလောက်တဲ့ လုပ်ငန်းအတွေ့အကြုံ ဘဝအတွေ့အကြုံနဲ့ ရင့်ကျက်မှု ရှိနေပါပြီ ဆိုတဲ့ အားသာချက် အဖြစ် ပြောင်းလဲ ရင်ဆိုင် နိုင်ပါသေးတယ်။

လုပ်သက် နုနေသေးတယ် ဆိုရင်တောင် ကျွန်တော်ဟာဖြင့် သတ်မှတ်လုပ်သက်ထက် နုနေသေးသော်လည်း ကြုံတွေ့ဖြတ်သန်းလာခဲ့ပြီးတဲ့ အတွေ့အကြုံမှာတင် အမှားများကနေ သင်ခန်းစာယူ ပြုပြင်ခဲ့ပြီး ဖြစ်တဲ့အပြင် မိမိ Senior များရဲ့ အတွေ့အကြုံများကတဆင့် အနီးကပ် လေ့လာသင်ယူခဲ့ပြီး ဖြစ်တဲ့အတွက် နောက်ထပ် ထပ်ကြုံလာမယ့် အတွေ့အကြုံသစ်တစ်ခု၊ ရာထူးတစ်ခုအတွက် အဆင်သင့်ဖြစ်နေပြီ ဆိုတဲ့ အဖြေမျိုးကို ကြိုတင် ပြင်ဆင်ထားနိုင်ဖို့ပါ။

ဈေးကွက်ဝင် ဈေးကွက်တင်ဖို့ ဒါတွေ အဆင်သင့်ဖြစ်ပြီ ဆိုရင် ဘယ်လို အလုပ်မျိုးတွေရှိမလဲ....။ ဘယ်ဟာတွေကို ရွေးချယ် လျှောက်ထားမလဲ.. ဆိုတာလေး ဆက်ကြည့်ကြရအောင်။

၃။ Job Search (အလုပ်သစ်ရှာခြင်း)

အပေါ်က အလုပ် (၂)ခု လုပ်ပြီးပြီ ဆိုရင်တော့

- ကိုယ်ရေးအချက်အလက်တွေကို ပြည့်စုံစွာ ပြုစုထားတဲ့ CV တစ်စောင်လည်း ရေးပြီးပြီ၊

- ကိုယ့်အကြောင်းလည်း ကောင်းကောင်းသိပြီမို့ ကောင်းကောင်းဈေးကွက်တင်နိုင်ဖို့ အလုပ်သစ် တစ်ခု စရှာ လို့ရပါပြီ။

ဒီနေရာမှာလည်း ကိုယ်လုပ် ချင်တဲ့ အလုပ်မျိုး ရနိုင်ဖို့ အလုပ်အကိုင် အခွင့်အလမ်း နဲ့ပတ်သက်တဲ့ Journal တွေ၊ Website တွေမှာ ရှာ ပြီး ကိုယ်တိုင် လျှောက်ထားနိုင်သလို TOP Recruiting Service လိုမျိုး အလုပ်အကိုင်ရှာဖွေရေး ဝန်ဆောင်မှု ပေးနေတဲ့ လုပ်ငန်းမျိုးနဲ့လည်း ဆက်သွယ်နိုင်ပါတယ်။

ကိုယ်တိုင် တိုက်ရိုက် လျှောက်ထားမယ် ဆိုရင်တော့ ခုနတုန်းက ပြုစုထားပြီးဖြစ်တဲ့ CV အပြင် ကိုယ်လျှောက်ထားချင်တဲ့ ကုမ္ဗဏီ က ဝန်ထမ်းရွေးချယ်ရေး အရာရှိထံကို လိပ်မူရေးသားထားတဲ့ Application Letter လို့ခေါ်တဲ့ အလုပ်လျှောက်လွှာ တစ်စောင် ထပ်ရေးဖို့ လည်း မမေ့ပါနဲ့။

အဲသည် စာမှာတော့ ကြော်ငြာပါ မိမိ လျှောက်ထားလိုတဲ့ သူတို့ ကုမ္ဗဏီရဲ့ ရာထူးအမည်ကို ရည်ညွှန်းပြီး မိမိမှာ ရှိနေတဲ့ သင့်လျော်ကိုက်ညီပြီးဖြစ်တဲ့ အရည်အချင်းအကျဉ်းလေးနဲ့ Career Summary လေးကို ခပ်တိုတိုကျစ်ကျစ်လစ်လစ် ဖော်ပြ ရေးသား ပြီး သူတို့ရဲ့ လစ်လပ်ရာထူးနဲ့ ဘယ်လို ကိုက်ညီနေပါကြောင်း ဖော်ပြလျှောက်ထား နိုင်ပါတယ်။ လျှောက်လွှာများထဲက ကိုယ့် လျှောက်လွှာလေးကို ရွေးချယ်မိသွားစေဖို့ ထူးခြား ကျစ်လစ် ထိမိ နေဖို့ တော့ လိုပါတယ်။