အလုပ်အင်တာဗျူးဝင်တဲ့ ကလေးတွေကို ပြောချင်တာက

အလုပ်လျှောက်လို့ အင်တာဗျူးဝင်တဲ့အခါ သဘောသဘာဝလေး 

နားလည်ကြစေချင်တယ်...

အလုပ်လျှောက်တာ ဘာလို့လဲ?

အလုပ်လိုချင်လို့ မဟုတ်လား...

လောက မှာ တစ်ခုခု ကို လိုချင်ရင် တစ်ခုခုကို ပေးရပါတယ်..

ကိုယ်က အလုပ်လိုချင်တယ်..

ဒါ့ကြောင့် အင်တာဗျူးဝင်တာ...

ကိုယ့်ကို အလုပ်ပေးချင်အောင် အင်တာဗျူးဖြေတတ်ဖို့ လိုပါတယ်..

အလုပ်အင်တာဗျူးဆိုတာ အရောင်းအဝယ် သဘော လို့ အလွယ် သာ မှတ်ယူပါ...။

ကိုယ့်မှာ ရောင်းစရာပါမှ.. တစ်ဖက်လူက ဝယ်ချင်ပါမယ်...

အလုပ်ခန့်တယ် ဆိုကတည်းက လစာ ပေးရပါတယ်။

ကိုယ့်ဘက်က သူ့ကို ပေးဖို့ ပညာပါ မယ်ဆိုရင် ပညာကြေးပေး ခန့်ပါလိ့မ့်မယ်။

ကိုယ့်ကဘက်က သူ့ကို ပေးဖို့ လုပ်အားပါမယ် ဆိုရင် လုပ်အားကြေး ရပါလိမ့်မယ်။

ကိုယ့်ဘက်က ပေးစရာ ပညာရော လုပ်အားပါ ပါမယ် ဆိုရင်တော့ ၂ မျိုးပေါင်းပေါ့။ 

ဒါက အရောင်းအဝယ်ရဲ့ ကြေး သဘော ကို နားလည် စေချင်တာ။

ကိုယ့်ဘက်က ကိုယ်ရမယ့် လစာ လို့ မြင်တယ်၊ ဒါ့ကြောင့် ကိုယ်လိုချင်သလောက် တောင်းမယ်။ တောင်းတဲ့အခါ တစ်ဖက်လူဘက်က ပြန်ကြည့်တတ်ရမယ်..။ ဟိုဘက်က ကြည့်တော့ ပေးဝယ်ရမယ့် ဈေးပဲ။ စရိတ်ပဲ။ 

တန်မှ ဝယ်မှာပေါ့။

ဆိုတော့... အလုပ်လျှောက်လို့ လစာ တောင်းရင် ကိုယ့်ရဲ့ တန်ဈေး လေး လည်း သိရပါမယ်။

တန်ဈေး လေး သိဖို့က ကိုယ်ဘာတွေ လုပ်တတ်သလဲ၊လုပ်ပေးနိုင်သလဲ ဆိုတာလေး လည်း ဈေးကွက်မတင်ခင် (အင်တာဗျူးတွေ မဝင်ခင်) ကောင်းကောင်း ကြည့်ထားပါဦး။

မှတ်မှတ်ရရ ၂၀၁၀ ဝန်းကျင်က ဆရာဝန်ကြီး တစ်ဦးနဲ့ အင်တာဗျူးတွေ အတူ ထိုင်ဖူးတယ်။ ဆရာကြီးက စကားမှား ရင် အလွန်အင်မတန် သည်းမခံ တတ်တဲ့သူ။

အင်တာဗျူးမှာ ဘာ့ကြောင့် ဒီ အလုပ် လျှောက်တာလဲ မေးတော့

"အတွေ့အကြုံလိုချင်လို့" လို့ဖြေတဲ့ ကလေးတွေကို 

သူက ပြန်မေးတယ်။ 

"အတွေ့အကြုံ ရပြီး ဘာလုပ်မှာလဲ" လို့ မေးလိုက်တော့ မဖြေတတ်ပြန်ဘူး။ " မင်းက အတွေ့အကြုံလိုချင်တယ် ဆိုတော့ ငါတို့က မင်းလိုချင်တဲ့ အတွေ့အကြုံပေးမယ်၊ လစာ မပေးတော့ဘူး၊ ရလား" လို့ ပြောတတ်တယ်။ အချို့ကိုတော့ အေး၊ ငါတို့က ညည်းကို ညည်းလိုချင်တဲ့ လုပ်ငန်းအတွေ့အကြုံ ပေးရမယ် ဆိုတော့ ညည်းက ငါတို့ကို ဘာပေးမှာတုန်း လို့ ပြန်မေးတတ်တယ်..။ ကလေးတွဆို တာ ဘာပြန်ဖြေရမှန်း မသိ၊ အ။ 

"ပညာလိုချင်လို့" လို့ ဖြေရင် "ဘာပညာတုန်း" လို့ ဂွတိုက်ပြီး သူက ပြန်မေး တတ်တယ်။ ကိုယ်ကတော့ သူမေးတာတွေ သဘောကျ ပြီး ပြုံးနေရတယ်...။ ဒေါ်မော်တို့ နုစဉ်ကပေါ့လေ။

ဆိုတော့ ပြောချင်တာက... အဲသလို အတွေ့အကြုံလိုချင်လို့ တို့ ပညာ လိုချင်လို့ တို့ ဖြေနေရပြီ ဆိုရင် အဲဒါ ရောင်းတန်း မဝင်သေးဘူး မှတ်ပါ။ 

သူများဆီက ထိုက်တန်တဲ့ လစာ နဲ့ ပေးခန့်မယ့် အလုပ်မျိုး ဘယ်တော့မှ ရမယ် မဟုတ်ပါဘူး။

ပညာလိုချင်လို့ ဆိုရင်တော့ ပညာသင်ပေးခ တောင် တစ်ဖက်က ပြန်တောင်းရပါဦးမယ်။ အဖြေတတ်ကြပါစေနော်...။

ဆိုတော့... "ဘာ့ကြောင့် ဒီအလုပ်ကို လာလျှောက်တာလဲ" ဆိုတဲ့ မေးခွန်း ကိုဖြေဖို့က ကျွန်တော်/ကျွန်မက ဒါ.. ဒါ... ဒါတွေ လုပ်တတ်ပါတယ်။ အခု ခေါ်ထားတဲ့ ရာထူးမှာ ဒါ ဒါ ဒါ တွေ တတ်တဲ့ သူကို ခေါ်ထားတာမို့ ကျွန်တော်/ကျွန်မ ရဲ့ ကျွမ်းကျင်မှုနဲ့ ကိုက်ညီလို့ လာလျှောက်တာပါ။ ဒီအလုပ်မှာ ကျွန်တော်/ကျွန်မ တတ်ထားတဲ့ ဒါ.. ဒါ.. ဒါတွေကို လုပ်ကိုင်ရင်း အတွေ့အကြုံတွေ ကနေ တစ်ဆင့် ဒါ့ထက် မြင့်တဲ့ တာဝန်ပိုယူနိုင်တဲ့ ရာထူး အဆင့်ဆင့် ရောက်အောင် ကြိုးစားသွားနိုင်မယ် လို့ ယုံကြည်လို့ လျှောက်တာပါ... ဆိုတာမျိုးလေး ဖြစ်သင့်ပါတယ်။

"မျှော်မှန်းလစာပြောပါ" လို့ မေးရင်လည်း ထင်ရာ မြင်ရာ လျှောက်မပြောဘဲ အထက်က ပြောခဲ့တဲ့ ကိုယ့်ရဲ့ တန်ဈေး လေးလည်း ကြိုတွက် ထားတတ်ပါစေ...။ ဒီအတိုင်းတော့ တန်ဈေး ဆိုတာလေးက ဖုတ်ဆို အသိဉာဏ်ထဲ အလိုလို လေရာက်လာမှာ မဟုတ်ပါဘူး။ စူးစမ်းလေ့လာပါ။ မျှော်မှန်းလစာ ဆိုတာ လိုချင်သလောက် တောင်း လို့ ပြောတာ မဟုတ်သလို မေးခွန်း မေးသူဟာ တောင်းတိုင်းပေးရအောင် အာလာဒင် ရဲ့ မီးခွက်စောင့် ဘီလူး မဟုတ်ဘူး ဆိုတာလေးကို သတိကပ်ပါ။

လစာများများ တောင်းချင်ရင် ကိုယ့်ဘက်က တတ်တာတွေ လည်း များများ ရှိရမယ် ဆိုတာလောက်ကလည်း သိထားဖို့ လိုပါတယ်...

တခါသား နိုင်ငံခြားသား လုပ်ငန်းရှင် တစ်ယောက် ဝန်ထမ်းရှာခိုင်းလို့ ချိတ်ပေးလိုက်တယ်။ အရင်အလုပ်ကရသလောက်နဲ့ ကိုယ့်ရဲ့ ဖြတ်ဈေးအရ ရယ်က ၇သိန်း ၈သိန်း လောက် အနိမ့်ဆုံး တန်ပါတယ်။ နိုင်ငံခြား ကုမ္ပဏီ ဖြစ်ပြီး စထောင်ကာစမို့ လုပ်ရမှာလည်း များ၊ ဟိုကလည်း ပေးလောက်တာမို့ ၁၀ သိန်း လောက်တော့ ဖြစ်နိုင်တယ် ဆိုပြီး တင်ပေးထားပါတယ်။ 

အင်တာဗျူးတော့ ကျေးဇူးရှင်ကလေးက $1500 တောင်းပါသတဲ့။ နိုင်ငံခြားသားက ဘာလို့ အဲသလောက် တောင်းတာလဲ လို့ မေးတဲ့အခါ 

MBA ဆက်တက်ချင်သေးလို့၊ ကျောင်းစရိတ် လိုလို့ လို့ ဖြေပါသတဲ့လေ။

ထို နိုင်ငံခြားသား ခမျာ (မြန်မာပြည် ရောက်ကာစ CEO အသစ်) ကိုယ့်ကို နားမလည်နိုင်လို့ ဖုန်းဆက်ပြီး မေးရှာတယ်။ သူက ကျောင်းတက်ချင်လို့ ဆိုပြီး လစာ ပိုတောင်းတယ် မော်၊ ငါက သူ့ကျောင်းစရိတ်ပါ လစာထဲက ပေးရမှာလား လို့ မေးရှာတယ်..။ ကိုယ်လည်း ဘာဖြေရမှန်း မသိ။

တောင်းချင်ရင် တောင်းချင်သလောက် တောင်းပါ။ 

တောင်းတာနဲ့ ထိုက်တန်တဲ့ အရည်အချင်းတွေ ကိုယ့်မှာ ရှိနေဖို့ လိုတယ် လို့ သတိချပ်ကြပါဦး...

အဲသည်တော့ အင်တာဗျူးတွေ ဝင်ဝင် နေပြီး ခုထက်ထိ အလုပ်ကောင်းတစ်ခု ကိုယ့်စိတ်တိုင်းကျ မရနေသေးဘူး ဆိုရင်..

အင်တာဗျူးတွေ ဝင်ခဲ့တုန်းက ကိုယ်ဘာတွေ ဘယ်လို ဖြေခဲ့သလဲ နည်းနည်း ပါးပါး ပြန်ပြောင်းတွေးတော ဆင်ခြင် ပြီး 

နောက် အလုပ်အင်တာဗျူးတွေ အတွက် ကြိုတင် ပြင်ဆင် ထားနိုင်ကြပါစေ။

ရောင်းတန်းလည်း ဝင်ကြပါစေ...

ရောင်းပန်းလည်း လှကြပါစေ...

ရောင်းထွက်အောင် အဖြေလည်း တတ်ကြပါစေ....

Credit: Daw Maw Maw Tun

" />

ရောင်းတန်းဝင် အင်တာဗျူး ဖြေတတ်ကြပါစေ..