ဒီမေးခွန်းကိုကတော့ နိုင်ငံခြားသားတစ်ဦး စီမံခန့်ခွဲတဲ့ ကုမ္ပဏီမှာ လုပ်နေတဲ့ HR သင်တန်းသူ ညီမငယ် တစ်ဦးက မေးတာဖြစ်ပါတယ်။

HR မေးခွန်းတွေဟာ လက်လွတ်စပယ်မေးပြီး၊ လက်လွတ်စပယ် ဖြေလို့မရပါဘူး။ နောက်ခံအကြောင်းတရားတွေ ပြည့်စုံအောင် ထည့်သွင်းစဉ်းစားဖို့လိုတာကြောင့် ထပ်မေးပါတယ်။

မကျေနပ်ရင်ကတော့ သွားတိုင်လို့ရပါတယ်၊ ဒါပေမယ့် ဘယ်လို အခြေအနေမျိုးမို့ ဝန်ထမ်းက မကျေမနပ်တဲ့ အထိဖြစ်တာလဲ လို့ ဆက်မေးဖြစ်ပါတယ်။

သမီးတို့ရုံးမှာ နောက်ကျရင် ၂သောင်းဖြတ်တယ်။ အဲဒါ မန်နေဂျာ တစ်ယောက်က ခဏ၊ ခဏ နောက်ကျတယ်။

ပထမ တစ်လက တစ်လလုံးမှာ () ကြိမ်နောက်ကျတယ်။ အဲ့ဒါ () သောင်းဖြတ်တယ်။ နောက်လ လည်း () ကြိမ် ထပ်နောက်ကျတယ်။ အဲဒါ နဲ့ ထပ်ဖြတ်ရတာပေါ့။ ဆိုတော့ () လပေါင်း () သိန်းကျော်သွားတော့ သူက မကျေနပ်ဘူး။ အဲဒါ သူ အချိန်ပို လုပ်ရရင်တော့ မန်နေဂျာမို့ အချိန်ပို ကြေးမရဘူး။ နောက်ကျရင်တော့ ဖြတ်တယ်။ ဒါမကျေနပ်ဘူး။ သွားတိုင်မယ် လို့ ပြောတယ်တဲ့။ အဲဒါ သူဌေးက အဲသလို ဥပဒေ ရှိမရှိ မေးတယ်။ အဲဒါကြောင့် Teacher ကို မေးတာပါ လို့ ပြောပါတယ်။

ဒီလို အမေးအဖြေနဲ့ ဖြေပေးခဲ့ပါတယ်။

"ပထမဆုံး ဥပဒေ ရှိမရှိ မပြောခင် သမီးတို့ ရုံးက ရုံးနောက်ကျရင် ဒဏ်ကြေးဖြတ်ဖို့ စည်းကမ်းထုတ်ထားတာရဲ့ ရည်ရွယ်ချက်က ဘာလဲ?"

ခဏတွေသွားတာကြောင့် မေးခွန်း ပြောင်းမေးပေးပါတယ်။

"အလုပ်ချိန်ထဲကသူနောက်ကျလို့ လျော့သွားတဲ့ အချိန်တွေအတွက်လျော်ကြေးပိုက်ဆံတွေလိုချင်လို့ ဖြတ်တာလား။ နောက်ကို နောက်မကျစေချင်လို့ ဖြတ်တာလား၊ ဘယ်လိုနားလည်ထားလဲ?"

"နောက်ကို နောက်မကျစေချင်လို့ ဖြတ်တာ"

"အဲသည်တော့ တစ်ကြိမ်ကို ၂သောင်း သတ်မှတ်ထားတယ်။ ပထမ တစ်လထဲမှာ () ကြိမ် နောက်ကျတယ်။ အဲဒါကို ဖြတ်လိုက်တယ်နော်။ သူမပြုပြင်ဘူး။ နောက်တစ်လ ထပ်နောက်ကျတယ်။ ဒါဆိုရင် ဒီ ဒဏ်ကြေးဖြတ်ခြင်း ဆိုတဲ့ အရေးယူမှုဟာ သူ့ရဲ့ Bahaviour ပြောင်းသွားဖို့ အထောက်အကူ ဖြစ်တဲ့ နည်းလား?"

"မဟုတ်ပါဘူး"

"ဒါဆိုရင် ဒုတိယတစ်လမှာ ဘာဖြစ်လို့ နောက်ထပ် ကြိမ်စာကို ထပ်ဖြတ်မှာလဲ? သူ့ဆီက ငွေလိုချင်တာမဟုတ်ဘဲ Behaviour ပြောင်းစေချင်တာဖြစ်တဲ့အတွက် ဒုတိယ တစ်လမှာ ထပ်မဖြတ်ဘဲ ခေါ်ယူဆွေးနွေးခြင်း လုပ်ရတော့မယ်။ "

"သူက အရာရှိဖြစ်နေတော့..." (ကိုယ့်ထက် ရာထူး အဆင့်မြင့်တဲ့သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ခက် တဲ့ အငယ်တန်း HR တစ်ယောက်ရဲ့ မဝံံ့မရဲ တွန့်ဆုတ်မှုကို နားလည်စာနာရပါတယ်။)

"ဟုတ်ပြီလေ။ ဒါဆိုရင် သူ့အထက်အရာရှိဖြစ်တဲ့ သူဌေးကို ပြောဖို့လိုပါတယ်။ ပထမ တစ်လက () ကြိမ်ဆက်တိုက် နောက်ကျတယ်။ ဒါ့ကြောင့် ထုတ်ထားတဲ့ ရုံးစည်းကမ်းအတိုင်း လစာထဲက ဒဏ်ကြေး (Fine) ဖြတ်ထားပါတယ်။ အခု ဒုတိယမြောက်လမှာလည်း သူက ထပ်နောက်ကျတယ်။ ထပ်ဖြတ်တာထက် သူ့ကို ဆွေးနွေးမေးမြန်းဖို့ လိုမယ်ထင်ပါတယ် ဆိုတာမျိုး ဖြစ်သင့်ပါတယ်။ HR တွေ အနေနဲ့ နောက်ကျရင် လစာဖြတ် မယ် ဆိုပြီး လှေနံဓားထစ် လုပ်နေမယ် ဆိုရင် Organisation ကလိုချင်တဲ့ ရလာဒ်ကို မရစေဘဲ အခုလို မလိုလားအပ်တဲ့ မကျေနပ်မှုတွေ၊ အငြင်းပွားမှုတွေ ဖြစ်လာစေပါတယ်။ နောက်ပြီး မကြာခဏ ရုံးနောက်ကျတတ်တဲ့ ဝန်ထမ်းရဲ့ အမှားကနေ အရေးယူမှုပုံစံ စနစ်မကျတဲ့အတွက် လုပ်ငန်းရဲ့ အမှား ဖြစ်လာစေနိုင်တာကိုလည်း ဆင်ခြင်ဖို့ လိုပါတယ်။ ဆိုတော့ ဒါကတော့ HR လို တွေးတတ်အောင် ဆွေးနွေးပေးတာပါ။

ဒုတိယ တစ်ချက် အနေနဲ့ ပြောပြလိုတာက မြန်မာနိုင်ငံရဲ့ တည်ဆဲ အလုပ်သမားဥပဒေ တွေအရ ရှင်းပြပါမယ်။ တည်ဆဲ ဥပဒေ တစ်ခုဖြစ်တဲ့ ၂၀၁၆ ခုနှစ် အခကြေးငွေ ပေးချေရေး ဥပဒေ အရ ဆိုရင်- လုပ်ငန်းတွေ အနေနဲ့ မိမိတို့လုပ်ငန်းလိုအပ်ချက်အရ လစာမှ နှုတ်ဖြတ် အရေးယူရမယ့် ဒဏ်ကြေး စည်းကမ်းချက်တွေ ထုတ်ပြန်ထားနိုင်ပါတယ်။

သို့ပေမယ့် အဲသည် ဒဏ်ကြေးစည်းကမ်းချက်တွေကို မိမိတို့ လုပ်ငန်းတည်ရှိရာ မြို့နယ် အလုပ်သမားဦးစီးရုံးက ဦးစီးမှုးထံမှာ အတည်ပြုချက် ရယူထားပြီးသားဖြစ်ရပါမယ်။ ဒါ့အပြင် မိမိတို့ လုပ်ငန်းရဲ့ ဝန်ထမ်းတွေ မြင်သာထင်သာရှိတဲ့ နေရာမှာ ကပ်ထားပေးရပါမယ်။ ဒါမှသာ အဲသည် ဒဏ်ကြေးစည်းကမ်း တွေ အတိုင်း လစာမှ နှုတ်ဖြတ် အရေးယူမှု ပြုဖို့ တရားဝင်ပါတယ်။ အဲသည်လို အတည်ပြုချက် ရယူထားခြင်း မရှိဘဲ လစာမှ နှုတ်ဖြတ်မှုတွေ ပြုပါက အဲသည် အခကြေးငွေ ပေးချေရေး ဥပဒေအရ တိုင်ကြားလို့ရပါတယ်။"

လို့ ဖြေကြားပေးလိုက်ပါတယ်။

အခြားသော HR များလည်း ဖြတ်ကြ၊ တောက်ကြ လုပ်ကြတဲ့အခါ ဆင်ခြင်သုံးသပ်တတ်ကြစေဖို့ ထပ်မံ မျှဝေပေးလိုက်ပါတယ်။

" />

Beta
ရုံးနောက်ကျလို့ လစာဖြတ်တာကို မကျေနပ်ရင် သွားတိုင်လို့ရလား