Beta
ပုခက်လွှဲသော လက်များ ကမ္ဘာကို စိုးမိုးနိုင်စေဖို့....

ပုခက်လွှဲသော လက်များ ကမ္ဘာကို စိုးမိုးနိုင်စေဖို့....

ဟိုခေတ်များကတော့ အိမ်မှာ အိမ်ထောင်ဦးစီး အမျိုးသား က အလုပ်ထွက်လုပ်ရင် လုံလောက်ပါပြီ။ ဇနီးသည် အနေနဲ့ကတော့ အိမေ်ထာင့်တာဝန် ထမ်းရင်း အိမ်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း နေကြရပါတယ်။


ဒါပေမယ့် ယနေ့ခေတ်မှာ အမျိုးသားများပဲ အလုပ်လုပ်ကြတာထက် အမျိုးသမီးများပါ ကျရာ အခန်းကဏ္ဍကနေ အလုပ်လုပ်ကိုင်လာနိုင်တာဟာ အလုပ်လုပ်ကိုင်နိုင်သူဦးရေ ပိုမိုးတိုးပွားလာခြင်း၊ ကုန်ထုတ်လုပ်မှုပိုမိုမြင့်တက်လာခြင်းအားဖြင့် အနာဂတ်ကမ္ဘာကြီး ပိုမိုတိုးတက်ဖို့ ကို ဦးတည် နေတာပဲမဟုတ်ပါလား။


အမျိုးသမီးများမှာ အမျိုးသားများနဲ့ မတူ အပိုယူရတဲ့ ဘဝပေးတာဝန်ကတော့ ကိုယ်ဝန်ဆောင်ရခြင်း၊ မီးဖွားရခြင်း၊ ကလေးနို့ချိုတိုက်ကျွေးရခြင်းပါ။ အမျိုးသားများတန်းတူ လုပ်ငန်းခွင်ဝင် အလုပ်တွေ လုပ်နေရပေမယ့်လို့ ဒီ ကိုယ်ဝန်ဆောင်ရခြင်း၊ မီးဖွားရခြင်း နဲ့ နို့ချိုတိုက်ကျွေးခြင်းဆိုတဲ့ မိခင်တစ်ယောက်ရဲ့ တာဝန်တွေကို ရှောင်လွှဲခြင်း မပြု၊ မငြိုမငြင် အလုပ်တစ်ဖက်နဲ့ တက်စွမ်းသလောက် ထမ်းဆောင်နေကြပါသော အံ့သြဖွယ်မိခင် များကို အလုပ်ခွင်ထဲမှာ ငြိုငြင်ကြမယ့် အစား ဂုဏ်ယူလေးစားစွာနဲ့ လိုအပ်တဲ့ ပံ့ပိုးကူညီမှုလေးများ ဆောင်ရွက်ပေးကြသင့်ပါတယ်။


မိမိလုပ်ငန်းခွင်က ဝန်ထမ်းမိခင်လေးများကို အောက်ပါတို့ ပံ့ပိုးခြင်းဖြင့် ကူညီဖေးမ နိုင်ပါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။


- မိမိတို့ နိုင်ငံက သတ်မှတ်ထားတဲ့ မီးဖွားခွင့်ဆိုင်ရာ ဥပဒေများ လေးစားလိုက်နာပေးခြင်း (မီးဖွားခွင့်ကို လစာပြည့်ဖြင့် ခွင့်ပြုပေးရန်)

- လုပ်ငန်းခွင်အတွင်း မိခင်နို့ ညှစ်ထုတ်ပေးနိုင်တဲ့ သီးသန့်နေရာလေး ဖန်တီးပေးထားခြင်း

- ကလေးငယ်များလုပ်ငန်းခွင်တွင်းခေါ်ယူစောင့်ရှောက်ခါင့်ပြုပေးခြင်း (လုပ်ငန်းခွင်တွင်း Child Care Center ထားရှိ စီစဉ်ပေးခြင်း)

- အလုပ်ချိန် ညှိနှိုင်းပေးခြင်း (Flexible working hours)

- အိမ်မှနေ၍ ဖုန်းဖြင့် အလုပ်လုပ်နိုင်ရန် စီမံခြင်း (Teleworking)

- အချိန်ပိုင်းအလုပ် စိစဉ်ပေးခြင်း (Part Time Job)

- လုပ်ငန်းခွင်သို့ ခေါ်ဆောင်ခွင့်ပြုခြင်း


အဓိက နို့တိုက်အရွယ် ကလေးငယ် စောင့်ရှောက်မှုမှာ မိခင်နို့ချိုတိုက်ကျွေးခြင်းက ကလေး ငယ်ရဲ့ ကျန်းမျာရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးမှု တို့ကို သက်ရောက်မှု ရှိတာကြောင့် မိခင်များအား လုပ်ငန်းခွင်အတွင်းမှာ မိခင်နို့တိုက်ကျွေးနိုင်ရန် စီစဉ်ဆောင်ရွက်ပံ့ပိုးမှု ပြုပေးခြင်းဟာ အနာဂတ်တိုးတက်ရေးကိုပါ တာဝန်ယူ ပေးရာ ရောက်ပါတယ်။


UNICEF ရဲ့ အဆိုအရကတော့ မွေးစမှ () လအထိ မိခင်နို့ တစ်မျိုးတည်းကိုသာ တိုက်ကျွေးဖို့လိုအပ်ပါတယ်တဲ့။ သည်တော့ မီးဖွားခွင့်စေ့လို့ လုပ်ငန်းခွင်ပြန်ဝင်ကြတဲ့ မိခင်များအတွက် အထက်ပါ အစီအစဉ်လေးတွေကို များ လုပ်ငန်းရှင်များက ပံ့ပိုးစီစဉ်ပေးနိုင်မယ် ဆိုရင်ဖြင့်....