Beta
HR များ၊ လုပ်ငန်းရှင်များ ဆင်ခြင်ဖွယ်
အလုပ်သမားရေးရာအငြင်းပွားမှုခုံသမာဓိအမှုတွဲများလေ့လာခြင်း (အပိုင်-၂)

HR များ၊ လုပ်ငန်းရှင်များ ဆင်ခြင်ဖွယ် အလုပ်သမားရေးရာအငြင်းပွားမှုခုံသမာဓိအမှုတွဲများလေ့လာခြင်း (အပိုင်-၂)


ပထမဆုံးမျှဝေလိုတဲ့ အမှုတွဲရဲ့ အကြောင်းအရာ အကျဉ်းချုပ်ကတော့

လုပ်ငန်းတစ်ခုရဲ့ Marketing ဝန်ထမ်းနှင့် အရောင်းဝန်ထမ်း () ဦး နဲ့ လုပ်ငန်းရှင် အငြင်းပွားခြင်း အမှုတွဲလေးပါ။

အဲသည်ဝန်ထမ်း () ဦးက မိမိသဘောနှင့် မိမိ အလုပ်မှ နှုတ်ထွက်ရန်အတွက်

အလုပ်နှုတ်ထွက်စည်းကမ်းအတိုင်း () ကြိုတင် တင်ပြပါတယ်။

သို့သော် ၎င်းတို့ ()ဦးမှာ အလုပ်နှုတ်ထွက်စာ မတင်မီကပင် ရောင်းအား

ကျဆင်းသည့် အကြောင်းပြချက်ဖြင့် အလုပ်ရှင်မှ နှုတ်ထွက်စည်းကမ်းအတိုင်း တင်ပြထားသည့် ရက် မတိုင်မီ (၁၅)ရက်စော၍ နှုတ်ထွက်ခွင့်ပြု

လိုက်ပါတယ်။

အဲသလို နှုတ်ထွက်ခွင့် တင်ပြတဲ့ ရက် (၃၀) ထက် (၁၅)ရက်စောပြီး နှုတ်ထွက်ခွင့်ပြုလိုက်တာဟာ သူတို့ကို အလုပ်က ထုတ်လိုက်တဲ့သဘော သက်ရောက်သွားတဲ့အတွက် တိုင်ကြားသော အမှု ဖြစ်ပါတယ်။

ဒီအမှုမှာတော့ ခုံသမာဓိအဖွဲ့ရဲ့ အဆုံးအဖြတ်အရ () ဖက်ညှိနှိုင်းပြီး အလုပ်ရှင်ဘက်မှ အလုပ်ထုတ်နစ်နာကြေးပေးလိုက်ရပါတယ်။

ဒါလေးကို သုံးသပ်ရင်း ပြောချင်တာက ဝန်ထမ်းဘက်မှ မိမိသဘောဖြင့်မိမိ အလုပ်နှုတ်ထွက်သည်ဖြစ်စေ၊ အလုပ်ရှင်ဘက်မှ ရပ်စဲသည်ဖြစ်စေ၊ အပြန်အလှန် () ကြိုတင်အသိပေးရန် ရှိပါတယ်။ အဲသည် နှုတ်ထွက်စည်းကမ်းအတိုင်း ဝန်ထမ်းဘက်မှ တင်ပြလာတာကို အလုပ်ရှင်ဘက်မှ (၁၅)ရက် စော၍ ထွက်ခွင့်ပြုလို့မရဘူးလား ဆိုရင် ဦးနစ်ဖက် သဘောတူရင် ရနိုင်ပါတယ်။ အပြန်အလှန်ညှိနှိုင်းရမှာဖြစ်ပါတယ်။ လုပ်ငန်းအတွက် မလိုအပ်တော့လို့ နှုတ်ထွက်ရန် အတည်ပြုတဲ့ရက်ကို စောလို့ ရပါတယ်။ အပြန်အလှန်ကျေနပ်ဖို့လိုပါတယ်။

အချို့ကိစ္စတွေမှာဆိုရင် ဝန်ထမ်းက တစ်ဖက်မှာ ရသွားတဲ့ အလုပ်သစ်ကို

ဝင်ချင်လို့ အဲသလို စောပြီးနှုတ်ထွက်ခွင့်ပြုရင် ပိုပြီးတောင် ကျေနပ်တတ်ပါတယ်။

ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်မှု အားနည်းသွားတဲ့အတွက်၊နောက်ပြီး Communication မှာလည်း လိုအပ်ချက်ရှိကောင်းရှိနှိုင်ခဲ့တာ ဖြစ်တဲ့အတွက် ဒီလိုကိစ္စတွေ ဖြစ်လာရတာ လို့ သုံးသပ်မိပါတယ်။

အပြန်အလှန်ကျေနပ်မှုရရှိအောင် ညှိနှိုင်းမှု အားနည်းခဲ့လို့ အလုပ်ရှင်ဖက်မှ တစ်ဖက်သတ် သဘောနဲ့ စောပြီး ထွက်ခိုင်းလိုက်တာကြောင့် ထွက်စာတင်ထားပေမယ့် အလုပ်ထုတ်ခြင်း ဆိုတဲ့ အဓိပ္ပါယ်သက်ရောက်သွားတဲ့အတွက် အလုပ်ထုတ် နစ်နာကြေးပေးလိုက်ရတဲ့ နမူနာ အမှုတွဲ တစ်ခု အဖြစ် မျှဝေလိုက်ပါတယ်။

နိဒါန်း Post မှာ ကြိုတင် တင်ပြထားတဲ့အတိုင်း လေ့လာဆင်ခြင်ဖွယ် အဖြစ်သာ ကောက်နုတ်မျှဝေထားတာ ဖြစ်လို့ လုပ်ငန်းများရဲ့ အမည်၊ ဝန်ထမ်းများရဲ့အမည်ကို ဖော်ပြထားတာမဟုတ်တဲ့အတွက် Comment များမှာလည်း လာရောက်ဖော်ထုတ်ပြောဆိုခြင်း မပြုကြဖို့ မေတ္တာရပ်ခံပါတယ်။

Credit- #Daw_Maw_Maw_Tun post မှကူးယူဖော်ပြပါသည်။