Beta
HR များ၊ လုပ်ငန်းရှင်များ ဆင်ခြင်ဖွယ်
အလုပ်သမားရေးရာအငြင်းပွားမှုခုံသမာဓိအမှုတွဲများလေ့လာခြင်း - ၁ (နိဒါန်း)

HR များ၊ လုပ်ငန်းရှင်များ ဆင်ခြင်ဖွယ် အလုပ်သမားရေးရာအငြင်းပွားမှုခုံသမာဓိအမှုတွဲများလေ့လာခြင်း - ၁ (နိဒါန်း)


မြန်မာနိုင်ငံမှာ အလုပ်သမားရေးရာအငြင်းပွားမှုနှင့် ပတ်သက်လို့ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဥပဒေ၊ ၂၀၁၂ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုနည်းဥပဒေ၊ ၂၀၁၄ ခုနှစ် အလုပ်သမားရေးရာအငြင်းပွားမှုဥပဒေကိုပြင်ဆင်သည့်ဥပဒေ၊ ၂၀၁၉ ခုနှစ် အလုပ်သမားရေးရာ အငြင်းပွားမှုဥပဒေကိုဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေ ဆိုပြီး ရှိပါတယ်။


အဲသည်ဥပဒေများအရ အလုပ်သမားရေးရာအငြင်းပွားမှုများဖြစ်လာလျှင် ဖြေရှင်းဖို့အတွက် လုပ်ငန်းစဉ် အဆင့်ဆင့် သတ်မှတ်ပြဌာန်း ထားပါတယ်။

ပထမအဆင့် - လုပ်ငန်းခွင်အဆင့်ညှိနှိုင်းခြင်း

ပထမအဆင့် အတွက် ဝန်ထမ်းဦးရေ (၃၀) နှင့် အထက်ရှိတဲ့ လုပ်ငန်းတိုင်းမှာ WCC လို့ခေါ်တဲ့ အလုပ်ရှင်ကိုယ်စားလှယ်နှင့် အလုပ်သမားကိုယ်စားလှယ်များ ပါဝင်တဲ့ အလုပ်သမားရေးရာလုပ်ငန်းညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းရပါတယ်။ လုပ်ငန်းခွင်အတွင်း အငြင်းပွားမှုဖြစ်ပွားပါက ဒီ ညှိနှိုင်းရေးကော်မတီက ဦးစွာ ညှိနှိုင်းပေးရပါတယ်။

ဒုတိယအဆင့်- မြို့နယ်အဆင့် ဖျန်ဖြေခြင်း

လုပ်ငန်းခွင်အဆင့် ညှိနှိုင်းပြီး ပြေလည်မှုမရရှိပါက မြို့နယ်အဆင့်ဖွဲ့စည်းထားတဲ့ အငြင်းပွားမှုညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ ထံမှာ ဖျန်ဖြေမှုခံယူရပါတယ်။

ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့မှာ အလုပ်ရှင်ကိုယ်စားလှယ် ၃ဦး၊ အလုပ်သမားကိုယ်စားလှယ် ဦး၊ အစိုးရအရာရှိ ဦး၊ ပေါင်း ()ဦးနဲ့ ဖွဲ့စည်းထားပါတယ်။ (အငြင်းပွားမှုဖြေရှင်းရေးဥပဒေ ဒုတိယအကြိမ်ပြင်ဆင်ချက်တွင် အသေးစိပ်ဖတ်ရှုနိုင်ပါသည်။)

တတိယ - တိုင်းဒေသကြီးအဆင့် ခုံသမာဓိအဖွဲ့ အဆုံးအဖြတ်ခံယူခြင်း

ပြေလည်မှုမရခဲ့ပါက တိုင်းဒေသကြီးအဆင့် မှာ ဖွဲ့စည်းထားတဲ့ ခုံသမာဓိအဖွဲ့သို့ ဖြစ်စေ၊ သက်ဆိုင်ရာ တရားရုံးရဲ့ အဆုံးအဖြတ်ကို ဖြစ်စေ ခံယူနိုင်ပါတယ်။

တရားရုံးသို့ တိုင်ကြားတဲ့အမှုများကတော့ သက်ဆိုင်ရာ ဘက်ရှေ့နေများရဲ့ လျှောက်လဲချက်များကိုကြားနာပြီး တရားသူကြီးက အဆုံးအဖြတ်ပြုပါတယ်။

ခုံသမာဓိအဖွဲ့ ကတော့ အလုပ်ရှင်ကိုယ်စားလှယ်များ၊ အလုပ်သမားကိုယ်စားလှယ်များ အစိုးရကရွေးချယ်တဲ့ အရာရှိများ ပါဝင်တဲ့ ခုံသမာဓိအဖွဲ့ (အဖွဲ့) ကနေ ဘက် တင်ပြလျှောက်လှဲချက်များကို ကြားနာပြီး အဆုံးအဖြတ်ပြုပေးပါတယ်။ ဒီနေရာမှာ အဖွဲ့လို့ ပြောပါတယ်။ ထူးခြားတာက တရားရုံးမှလို တရားသူကြီး တစ်ဦးတည်းမဟုတ်ပါဘူး။ စုစုပေါင်း (၁၅)ဦးပါဝင်ပါတယ်။

ခုံသမာဓိအဖွဲ့ရဲ့ အဆုံးအဖြတ်ကို လိုက်နာနိုင်ခြင်းမရှိတဲ့ အငြင်းပွားမှုများအနေနဲ့ တစ်ဖက်ဖက်ကနေပြီးတော့ (အလုပ်ရှင်ဘက်မှ ဖြစ်စေ၊ အလုပ်သမားဘက်မှ ဖြစ်စေ) ခုနစ်ရက်အတွင်း ခုံသမာဓိကောင်စီရဲ့ အဆုံးအဖြတ်ရယူဖို့ ဆက်လက်တင်ပြနိုင်ပါတယ်။

စတုတ္တ - ခုံကောင်စီ၏ အဆုံးအဖြတ်ခံယူခြင်း

ခုံသမာဓိကောင်စီကို ဝန်ကြီးဌာနမှရွှေးချယ်သော ပုဂ္ဂိုလ် ()ဦး၊ အလုပ်ရှင်များများမှရွေးချယ်သော ပုဂ္ဂိုလ် ()ဦး၊ အလုပ်သမားများမှရွေးချယ်သော ကိုယ်စားလှယ် ()ဦး၊ စုစုပေါင်း ခုံသမာဓိ (၁၅) ဦးဖြင့် ဖွဲ့စည်းထားပါတယ်။

(အသေးစိပ်က ဥပဒေမှာ ပြန်ဖတ်ဖို့ပါ။ အကျဉ်းချုံးပြီး နိဒါန်းအဖြစ်ရှင်းပြတာပါ)

အခုဆက်ရေးသွားမှာကတော့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ Website မှာ လေ့လာနိုင်ရန် လွှင့်တင်ပေးထားတဲ့ ခုံသမာဓိ အမှုတွဲများအား လေ့လာ၍ ယင်းသို့ အမှုများ မဖြစ်စေရေးအတွက်

အလုပ်ရှင်များ၊ HR များ ဆင်ခြင်ဖွယ်များကို ကောက်နုတ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ လုပ်ငန်းအသီးသီးရဲ့ဂုဏ်သိက္ခာအရ လုပ်ငန်းအမည်များကို ဖော်ပြသွားမှာ မဟုတ်ဘဲ အကြောင်းအရာကိုသာကောက်နုတ်ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

Credit- #Daw_Maw_Maw_Tun post မှကူးယူဖော်ပြပါသည်။