ဝန်ထမ်းလစာ ရေးဆွဲရာမှာ လစာရေးဆွဲရတဲ့ ဝန်ထမ်းတွေ (HR ဖြစ်စေ၊ Admin ဖြစ်စေ၊ Account ကဖြစ်စေ) အခက်ခဲ အရှုပ်ထွေးဆုံးပြသနာတွေက Policy မရှိတဲ့ ပြသနာနဲ့ မရှင်းမလင်း သတ်မှတ်ခဲ့တဲ့ အကျိုးခံစားခွင့်တွေကြောင့် အဖြစ်များကြတာ တွေ့ရတယ်။

ပုံမှန်အားဖြင့် အလုပ်ရှင်များဟာ "လုပ်ခလစာ" ဆိုတာထက် ပိုလွန်ပြီး "အခြားခွင့်ပြုစရိတ်" Allowances တွေ ပေးရာမှာ မရှင်းလင်းခဲ့ကြတာမျိုးတွေကြောင့် အဖြစ်များပါတယ်။

(ဒီ Post ကတော့ လစာဆွဲတဲ့အခါ ကြုံရတဲ့ ပြသနာများ နဲ့ ပတ်သက်တာလေးတွေ နည်းနည်းစဉ်းစားစရာ ရကြအောင် ရေးတာဖြစ်ပြီး Total Reward နဲ့ ပတ်သက်လို့တော့ သပ်သပ်ရေးပါ့မယ်။)

တခါတရံ ဒီပြသနာတွေရဲ့ အရင်းအမြစ်ဟာ အထက်အောက် Communication ကြောင့်လည်း ဖြစ်နေတတ်တာ တွေ့ရတယ်။

ဥပမာ အားဖြင့် - 

လုပ်ငန်းရှင် တစ်ဦးက သူ့ရဲ့ မန်နေဂျာများနဲ့ အစည်းအဝေးမှာ ဒီလို ပြောလိုက်တယ် ဆိုပါစို့။ 

"တို့ကုမ္ပဏီဝန်ထမ်းတွေ အတွက် လမ်းစရိတ် ခွင့်ပြုငွေ ၃သောင်း ထပ်ဆောင်းပေးဖို့ အတည်ပြုတယ်၊ ဆက်လုပ်လိုက်ကြပါ"

ဒါဟာ Budget အရ ခွင့်ပြုတာ အဖြစ် နားလည်ရမှာ ဖြစ်ပြီး ကျန်တဲ့ အသေးစိပ် သတ်မှတ်ချက်တွေဟာ သက်ဆိုင်ရာ ကျွမ်းကျင်သူတွေ ဖြစ်တဲ့ HR/Finance/Admin မန်နေဂျာကြီးများ ဆက်လက်ဆုံးဖြတ်ဆောင်ရွက်ကြရမှာပါ။

သို့သော လုပ်ငန်းရှင်ရဲ့နှုတ်ခပါတ်တော် အတိုင်း ကျပ် ၃သောင်း အဖြစ် ဒုံး သတ်မှတ်လိုက်ပြီးတာရဲ့နောက်မှာ လာပါပြီ။ 

- ခွင့်ယူရင် ဖြတ်မှာလား မဖြတ်ဘူးလား။

- အလုပ်ပိတ်ရက်တွေ အတွက်ရော ဖြတ်ရမှာလား၊ မဖြတ်ရဘူးလား။

- ဖြတ်မယ် ဆိုရင် ၃၀ နဲ့ စားရမှာလား၊ ၂၆ နဲ့ စားရမှာလား။

- လစာမဲ့ခွင့်ဆိုရင် ရော ဟိုဟာက ဖြတ်မှာလား။ ဒီဟာက ဖြတ်မှာလား။

ထမင်းစရိတ် "Meal Allowance" လည်း ဒီသဘောပါပဲ။ တစ်လကို ဘယ်လောက်ရယ် လို့ အလုံးလိုက်ကြီး သတ်မှတ်ပြီး အဲသည် နောက်က အသေးစိပ်မပါဘဲ သတ်မှတ်တဲ့အခါ ခုနက ပြသနာပါပဲ။

ကျွန်မကိုလည်း အတော်များများ လာမေးကြတယ်။ ဖြတ်ရင် ၃၀ နဲ့စားမှာလား၊ ၂၆ နဲ့စားမှာလား။ ပိတ်ရက် အတွက် ပေးမှာလား။ မပေးဘူးလား။ စတဲ့ မေးခွန်းတွေပါ။

လုပ်ငန်းခွင်တွေထဲမှာလည်း အဲသည် ကိစ္စကိုပဲ ဖြတ်ရေး၊ မဖြတ်ရေး တွေနဲ့ ရှုပ်နေတတ်ကြပြီး ဘာနဲ့ စားသလဲ ပြသနာကလည်း အမြဲလုံးထွေးနေတတ် ကြတာကို တွေ့နေရတယ်။

တချို့လုပ်ငန်းတွေမှာ ဒီမန်နေဂျာ လက်ထက်မှာ သူ့အာဘော်အတိုင်း ၃၀ နဲ့စားရမှာ လုပ်ရင် အဲသလို ဖြစ်ပြီး နောက်တစ်ယောက် ကျရင် ဟင့်အင်း working days နဲ့ စားရမှာ ဆို လုပ်ကြပြန်ပါရော..။

အဖြတ်ခံရသူများမှာလည်း ဟိုဇာတ်ကား နံမည်လို "မျက်လုံးကလေး ကလယ်ကလယ်" တွေပဲ ပေါ့။

ဆိုတော့.. အဲသည် မေးခွန်းအတွက် အဖြေက ကျွန်မကို မေးရမှာ မဟုတ်ပါဘူး။ စတင်သတ်မှတ်ခွင့်ပြုတဲ့ သူဌေးရဲ့ သဘောထား လေးကို Clarify လုပ်ရမှာပါ။ သူတို့တွေဟာ အသေးစိပ်တွေအများကြီး ပြောဖို့ အချိန်မရှိတာကြောင့် သူက တစ်လ ၃ သောင်း လို့ ပြောတဲ့အချိန်မှာ ဒီ ခွင့်ပြုငွေရဲ့ ရည်ရွယ်ချက် ကို သိဖို့ လိုပါတယ်။ မသိရင် ရေရာအောင် ပြန်မေးပြီး Policy/Procedure များ ရေးပြီး အတည်ပြုချက်ရယူပါမယ်။ မလုပ်ထားရင်တော့ ရှုပ်မြဲ ရှုပ်နေမှာပါ။

လမ်းစရိတ် ခွင့်ပြုငွေ သတ်မှတ်ရင်

*************************************

များသောအားဖြင့် ရုံးတက်ရုံးဆင်း သုံးရသော လမ်းစရိတ် ကို ဝန်ထမ်း၏ လုပ်ခလစာမှ ကျခံနေရတာကို ဖြည့်စွက် ပံ့ပိုးသောအားဖြင့် ပေးတဲ့ သဘောဖြစ်တဲ့အတွက် Working Days များအတွက် ပေးသော ပံ့ပိုးစရိတ် အဖြစ် မှတ်ယူရပါမယ်။ အကောင်းဆုံးကတော့ သတ်မှတ်ရာမှာလည်း တစ်ရက်လျှင် နှုန်းထားနဲ့ သတ်မှတ်တာ ကောင်းပါတယ်။ 

အလုပ်တက် အလုပ်ဆင်း တစ်ကြိမ်ပြုသော ရက်တိုင်းအတွက် ယင်းစရိတ် ပံ့ပိုးမှု ရထိုက်ခွင့်ရှိတယ် လို့ ယူဆရမှာပါ။

ထမင်းစရိတ် (Meal Allowance)

***********************************

ဒီနေရာမှာ ကုမ္ပဏီ ကြီးတစ်ခုရဲ့ Case လေးနဲ့ ပြောပြချင်ပါတယ်။

Group ကုမ္ပဏီကြီး တစ်ခုရဲ့ ရုံးချုပ်ကြီး စတင်တည်ထောင်စဉ်က သူဌေးဟာ အလွန် သဘောမနောကောင်းတာကြောင့် သူတို့ရုံးချုပ်ခြံဝန်းကြီးထဲမှာတင် Staff Canteen လုပ်ပေးပြီး ထမင်းကျွေးပါတယ်။ တစ်ပတ်လုံး ဟင်းမထပ်ရအောင် တနင်္လာမှ သောကြာအထိ အသားဟင်းတစ်မျိုး၊ အရွက်ကြော်တစ်မျိုး၊ အရည်သောက်တစ်မျိုး၊ ငပိရည်တို့စရာ အစုံအလင်နဲ့ ဆိုပါတယ်။ သူဌေးရဲ့ သဘောက မိမိဝန်ထမ်းများ မနက်ရုံးအလာ ထမင်းဗူး တကူးတက ချက်ပြုထည့်လာ သယ်ယူရတာတွေ ဒုက္ခကင်းအောင် ပေါ့။

ဆိုတော့ အဲသည် လုပ်ငန်းကြီး ဟာ ကြီးထွားချဲ့ထွင်လာရင်း မတူကွဲပြားသော လုပ်ငန်းများ ချဲ့ရင်းချဲ့ရင်း လုပ်ငန်းစုကြီးဖြစ်လာတယ်။

သည် Group ကြီးအောက်က လုပ်ငန်းများဖြစ်တာကြောင့် သူသူဌေး (ဥက္ကဌ)ရဲ့ သဘောထားအတိုင်း ဝန်ထမ်း တွေကို ပေးတဲ့ Allowance များ၊ Benefits များကိစ္စကို ဆိုင်ရာ MD များက အတတ်နိုင်ဆုံး လိုက်နာကြတယ်။ အဲသည် လုပ်ငန်းစုကြီးအောက်က အခြားလုပ်ငန်းခွဲ တစ်ခု ထူထောင်ရာမှာ အဲသလို ကန်တင်းထားပြီး ချက်ပြုတ်ကျွေးမွေးတာကို မလုပ်နိုင်တာမို့ လစာမှာ Meal Allowance ထပ်ဆောင်းပေးတဲ့ စနစ်ကို ကျင့်သုံးပါတယ်။ အဲသည်မှာ ဘာဖြစ်လဲ ဆိုတော့ မူလပထမ မူဝါဒကိုက ရုံးတက်ရတဲ့ နေ့တွေအတွက် ထမင်းဗူးကိစ္စ နဲ့စားရေးသောက်ရေး အာရုံမများရအောင် လုပ်ခဲ့တာကြောင့် နှုန်းထားသတ်မှတ်ရာမှာလည်း တစ်နပ်စာ နှုန်းထားနဲ့ သတ်မှတ်ခဲ့ပါတယ်။ ဇာတ်လမ်းက ရုံးမတက်ရင်၊ ခွင့်ယူရင် မရပါဘူး ဆိုတာက စပါတယ်။ ဒါကို ဝန်ထမ်း အချို့က မကျေနပ်ကြဘူးလို့ ဆိုပါတယ်။ ဥပမာ ဧပြီလလို ပိတ်ရက်များတဲ့ လမှာ သူတို့တွေရဲ့လစာမှာ ထမင်းဖို့ခွင့်ပြုငွေ (Meal Allowance) အရနည်းတယ်။ ဆိုတော့.. ထမင်းဖိုးတွေ ဖြတ်ခံရတယ်ပေါ့။ ဒီနေရာမှာလည်း ပြောစရာရှိတာက ဖြတ်တယ် လို့ သုံးနှုန်းတာပါ။ Allowance ဆိုတာ ခွင့်ပြုတာပါ။ ပေးထားပြီးမှနှုတ်ဖြတ်တာ မဟုတ်ပါဘူး။ အလုပ်တက်ရက်တစ်ရက်လျှင် ဆိုပြီး ထပ်ဆောင်းပေးတာမို့ အလုပ်တက်ရက် တိုင်းအတွက် ခွင့်ပြုငွေရမှာ ဖြစ်ပြီး မတက်တဲ့ရတွေအတွက် မရတာ ဖြစ်ပါတယ်။ မရတာနဲ့ ဖြတ်တာ မတူပါဘူး။ ဖြတ်တယ် ဆိုတာ ရထိုက်ခွင့်ရှိတာကို နှုတ်ယူဖြတ်တောက်တာပါ။ အခုက ရုံးတက်လျှင်ရမယ်ဆ ိုတာတစ်ခု ရုံးမတက်တဲ့အတွက် မရတာဖြစ်ပါတယ်။ ဝန်ထမ်းများရဲ့ အမြင်မှာ ဖြတ်ခံရတယ်လို့ မြင်သလို HR များကလည်း ထမင်းဖိုး ဖြတ်တယ်၊ လမ်းစရိတ် ဖြတ်တယ် လို့ လိုက်လံ သုံးစွဲနေကြတာ ဂရုပြုဖို့ လိုပါတယ်။

ဆိုတော့.. ပြန်ဆက်ရရင် အဲသည် ဧပြီလမှာ ထမင်းစရိတ်များ (သူတို့အသုံးအရ) အဖြတ် ခံရခြင်းကို မကျေနပ်ကြပါဘူး။ အမှန်မှာဆိုရင် ထမင်းဖိုးဟာ ရုံးမတက်တဲ့ရက်တွေလည်း စားရတာပဲမို့ ရက် (၃၀) လုံးစာ တွက်ပေးရမှာ ဖြစ်ပြီး ပိတ်ရက်တွေကိုလည်း မဖြတ်သင့်ကြောင်း အချို့ဝန်ထမ်းများက ပြောဆိုကြပါတယ် တဲ့။ ကောင်းစွာ ကိုင်တွယ်နိုင်တဲ့ HR တစ်ယောက်ဟာ ဒီလို ကိစ္စမှာ မူလ သတ်မှတ်ခဲ့တဲ့ ဒီAllowance ရဲ့သဘောသဘာဝကို ပိုင်ပိုင်နိုင်နိုင် ရှင်းပြနိုင်ရမှာ ဖြစ်ပါတယ်။

(ဒီကိစ္စမှာ စိတ်ဝင်စားစရာကောင်းတာ တစ်ခုက ထမင်းချက်ပြုတ်ကျွေးနေတာကို ကန်တင်းမှာ စားရတဲ့ ဝန်ထမ်းများဟာ ရုံးဖွင့်ရက်မှာ ရုံးကန်တင်းမှာ အေးအေးလူလူ စားပြီး ရုံးပိတ်ရက်ဆိုရင်လည်း နစ်နာတယ် မထင်ဘဲ ကိုယ့်အိမ်က ထမင်းကို ငြိမ်းငြိမ်းချမ်းချမ်းစားနိုင်ပေမယ့်လို့ ငွေသားနဲ့ သတ်မှတ်ပေးတဲ့ အခါမှာတော့ ရုံးပိတ်ရက်များရင် နစ်နာတယ် လို့ ထင်မြင်တတ်ကြတဲ့ သဘောကလေးပါ။)

အဲသလိုမျိုး လုပ်ငန်းမျိုးတွေမှာ နေ့တစ်ဝက်ခွင့်ယူလျှင် ထမင်းဖိုးကို အပြီးဖြတ်မှာလား၊ တစ်ဝက်ပေးမှာလား ကိစ္စကလည်း ရှိလာပြန်တယ်။ ကျွန်မကို လာမေးရင်တော့ ကျွန်မ က အမြဲ ပြောလေ့ရှိတာ အဲဒါ ကျွန်မ ဖြေရမှာမဟုတ်ဘူး။ မူလ သတ်မှတ်စဉ်က တပါတည်း ဆုံးဖြတ်ခဲ့ရမှာပါ။ ဥပမာအားဖြင့် ရုံးက ကန်တင်းမှာ ထမင်းကျွေးတဲ့ အခါမျိုးမှာ နေ့ဝက်ခွင့်ယူသူတွေ ကို ကန်တင်းမှာ ပေးစားသလား၊ မစားဘူးလား။ တကယ်ကတော့ ကျွေးမလား မကျွေးဘူးလား (၂) မျိးပဲရှိပါတယ်။

နေ့ဝက်ခွင့်ယူသူမို့ တစ်ဝက်ပဲ စား လို့တော့ မလုပ်လောက်ဘူး မဟုတ်လားလေ...။ ဒ့ါကြောင့် နေ့ဝက်ခွင့်မှာ Meal Allowance ကို ဘယ်လို စီရင်မလဲ ဆိုတာက စတင် သတ်မှတ်ခွင့်ပြုစဉ်က မူဝါဒ (Policy) တခါတည်းရေးခဲ့ရမှာ ဖြစ်သလို လုပ်ထုံးလုပ်နည်း (Procedures) တပါတည်း သတ်မှတ်ခဲ့ရမှာဖြစ်ပါတယ်။

======= 

ဒီအထိကတော့ ထပ်ဆောင်းခွင့်ပြုငွေ အဖြစ် သတ်မှတ်တဲ့ Transport Allowance ကိစ္စနဲ့ Meal Allowance ကိစ္စပဲ ရှိပါသေးတယ်။

ဒါ့ထက် ရှုပ်တဲ့ နောက်ပြသနာ တွေရှိပါသေးတယ်။

အဲဒါကတော့ လုပ်ခလစာအပေးမှာ ထပ်ဆောင်း Allowance သဘောမျိုး မဟုတ်ဘဲ လုပ်ခလစာကို အစိတ်စိတ်အပိုင်းပိုင်း Column ပေါင်းများစွားနဲ့ ခွဲပြကြရာက စတဲ့ ပြသနာပေါ့။

လုပ်ငန်းအနေနဲ့ သတ်မှတ် လုပ်ခလစာ နှုန်းထား အပေါ်မှာ ထပ်ဆောင်းခွင့်ပြုငွေ အဖြစ် ပေးတာမျိုး မဟုတ်ဘဲ သတ်မှတ်လစာ လုံးပေါင်းကို ခေါင်းစဉ် ခွဲပြရာက ဖြစ်လာတတ်တဲ့ ပြသနာတစ်မျိုးပါ။

ဥပမာ

လစာ ဆိုတဲ့ လုံးပေါင်းဂဏန်းကို အရင်သတ်မှတ်ပြီး 

အဲသည် လစာရဲ့ ၁၅%ဟာ ထမင်းဖိုး ဖြစ်ပြီး ၅% ဟာ လမ်းစရိတ်လို့ ဆွဲကြပါတယ်။ (အချို့လုပ်ငန်းများပါ)

ဆိုတော့ ဘာဖြစ်သလဲ ဆိုရင်

လစာ ၃ သိန်း ရတဲ့ ဝန်ထမ်းရဲ့

= အခြေခံလစာဟာ ၂၄၀၀၀၀

= ထမင်းစရိတ် ၄၅၀၀၀

= လမ်းစရိတ် ၁၅၀၀၀

ဖြစ်မှာဖြစ်ပါတယ်။

နောက်ပြီး

လစာ သိန်း ၂၀ ရတဲ့ ဝန်ထမ်းရဲ့

= အခြေခံလစာဟာ ၁၆၀၀၀၀၀

= ထမင်းစရိတ် ၃၀၀၀၀၀

= လမ်းစရိတ် ၁၀၀၀၀၀

သဘောကတော့ ရာထူးကြီးရင် ထမင်းများများ စားတယ်ပေါ့။

ဇာတ်လမ်းက နှုတ်ဖြတ်တဲ့ ကိစ္စကိုရောက်ပါပြီ။ လစာပြည့်ခွင့်ယူရင် ဘယ်ဟာတွေဖြတ်မလဲ။ လစာမဲ့ ခွင့်ဆိုရင် ဘယ်ဟာတွေ ဖြတ်မလဲ။

ရုံးပိတ်ရက်တွေမှာရော အဲသည် ထမင်းဖိုးနဲ့ လမ်းစရိတ်က ပေးရမှာလား ဆိုတာတွေပါ။ မီးဖွားခွင့်ယူထားတုန်း ပေးရမယ့် လစာဟာ ဟိုဟာတွေ မပါ လစာလား။ အပါ လား. .ဆိုတာတွေပေါ့။ နောက်ပြီး ဖြတ်ရင် ၃၀ နဲ့စားမှာလား။ ၂၆ နဲ့စားမှာလား...။ !@@$R@ လား... !@#$@T လား...။ အများကြီးပေါ့..

တကယ်တမ်းက Allowances တွေဟာ လုပ်ခလစာ အပြင် ထပ်ဆောင်းပေးတာမျိုးတွေဖြစ်ရမှာ ဖြစ်ပါတယ်။ ထပ်ဆောင်းပေးတာတွေရဲ့ သဘောအရ သတ်မှတ်ချက် သီးသန့်ရှိရမှာပါ။

ထပ်ဆောင်းပေးခြင်း မဟုတ်ဘဲ 

ခွဲပြခြင်း တွေလုပ်ကြရင်လည်း ကိုယ့်ဇာတ်ကိုယ် နိုင်အောင် 

မျက်တောင် တဖျား မစဉ်းစားဘဲ မျက်စိတဆုံး သေသေချာချာ စဉ်းစားပြီး

ရှိရမယ့် မူဝါဒ (Policy) လုပ်ထုံးလုပ်နည်း (Procedure) များ စနစ်တကျ သတ်မှတ်ကြစေလိုပါတယ်။

တွေးတွေးဆဆ စဉ်းစားစရာလေးတွေ ထိတို့ထောက်ပြရင်း ..

လုပ်ငန်းတိုင်း HR ဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးလုပ်နည်းများ ရှင်းရှင်းလင်းလင်းရှိကြပြီး HR များလည်း အရှုပ်ကင်းလို့ စိတ်ရှင်းကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

Credit: Daw Maw Maw Tun

" />

အကျိုးခံစားခွင့်များ သတ်မှတ်ရာဝယ်...