Beta
၀င်ငွေခွန်

၀င်ငွေခွန်

၂၀၀၈ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ထည့်ဝင်ရမည့် အခွန်အကောက်များကို ပေးရန် တာဝန်ရှိသည် ဟု ဆိုထားပါသည်။

ယင်းအပြင် အမျိုးသားဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းမှလည်း

"မည်သည့် တိုင်းပြည်မဆို တိုင်းသူပြည်သားတို့က တိုင်းချစ်၊ ပြည်ချစ်၊ မျိုးချစ် ပုဂ္ဂိုလ်ပီပီ၊ ဤအခြေခံ ပြည်သူ့ဝတ္တရားဖြစ်သော အကောက်ခွန်ပေးဆောင်ရေး တာဝန်ကို ထမ်းရွက်လိုစိတ် မရှိလျှင် ထိုတိုင်းပြည်သည် လွတ်လပ်ရေး မရနိုင်။"

ဟု ဆိုခဲ့ပါသည်။

ဝင်ငွေခွန်ပေးဆောင်ရေး တာဝန်သည် နိုင်ငံသားတိုင်း၏ တစ်ဦးချင်း တာဝန်ဖြစ်ပြီး တစ်ဦးချင်း အလိုက် မိမိတို့၏ ဝင်ငွေကို မြို့နယ် အခွန်ရုံးတွင် ကြေငြာ ပေးဆောင်ကြရမည် ဖြစ်သည်။

သို့ရာတွင် ထိုသို့ ပေးဆောင်ရန် ပျက်ကွက်လျက်ရှိကြသဖြင့် ယခု အခါတွင် အလုပ်ရှင်များမှ မပျက်မကွက် နှုတ်ဖြတ်ပေးဆောင်ပေးရေး တာဝန်အနေဖြင့် ဖြစ်လာသည့် အခါတွင် အခွန်နှုတ်ဖြတ်ခြင်း ပြသနာမှာ အလုပ်ရှင်နှင့် ယင်း၏ လခစား အမှုထမ်း၊ အရာထမ်း ဝန်ထမ်းများ ကြား ကိစ္စ တစ်ရပ် ဖြစ်မှန်း မသိ ဖြစ်လာလျက် ရှိပါသည်။


အခွန်ပေးဆောင်ရေး တာဝန်သည် ယခု မှ ဖြစ်လာသည့် ကိစ္စရပ် မဟုတ်ဘဲ ယခင်ကပင် နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ခဲ့ပြီး ယခု အခါ နိုင်ငံသားတိုင်း တိုက်တွန်းပေးဆောင်ရန် နိုးဆော်တိုက်တွန်းသည့် အဆင့်တွင် တာဝန်ကျေစွာ ပေးဆောင်နိုင်ရေးအတွက် အလုပ်ရှင် အလုပ်သမား နှစ်ရပ်လုံး ကြည်ဖြူစွာ ဆောင်ရွက် နိုင်ကြစေရန် မှာ လုပ်ငန်းတိုင်းအတွက် အရေးပါလာပြီ ဖြစ်ပါသည်။

ယင်းတာဝန်ကို အသီးသီးဆောင်ရွက်ကြရာတွင် အလုပ်ရှင်ကိုယ်စား တွက်ချက် နှုတ်ဖြတ် ပေးကြရမည့် HR/Admin ဌာန နှင့် ငွေစာရင်းဌာနတို့၏ ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း လိုအပ်သလို နှုတ်ဖြတ်ပေးဆောင်ခြင်း မပြုမီ မိမိတို့ လုပ်ငန်းများမှ အခွန်ထမ်းဆောင်ကြရမည့် ဝန်ထမ်းများ အားလုံး ဝင်ငွေခွန်အကြောင်း နှင့် တွက်ချက်ပုံကို ကောင်းမွန်စွာ သိရှိနားလည်နိုင်ကြရေးအတွက် အသိပေး ဆွေးနွေးခြင်းများ ကြိုတင်ဆောင်ရွက်သင့်ကြပါသည်။

အခြေခံအားဖြင့် သိရှိထားကြရမည့် အချက်များမှာ အကျဉ်းအားဖြင့် အောက်ပါ အတိုင်းဖြစ်ပါသည်။

- တစ်နှစ်လစာဝင်ငွေ ကျပ် ၄၈သိန်း အထက်ရရှိသော ဝန်ထမ်းများ အခွန်ထမ်းကြရမည်။

- ကင်းလွတ်ခွင့်များမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။


အခြေခံသက်သာခွင့် - တစ်နှစ်ဝင်ငွေ၏ ၂၀%

မိဘ သက်သာခွင့် - တစ်ဦးလျင် ၁၀သိန်း

အိမေ်ထာင်ဖက်သက်သာခွင့် - ၁၀သိန်း

သားသမီး သက်သာခွင့် (၁၈နှစ်အောက်) - တစ်ဦးလျင် ၅သိန်း


တွက်ချက်နည်း အကျဉ်းကို ပုံတွင် နမူနာ ဖော်ပြထားပါသည်။


နမူနာတွက်ချက်ပြထားသည့် မဖြူဖြူဇော် သည် တစ်လလျှင် လစာ ကျပ် ၆သိန်း ရရှိသည့် ကုမ္ဗဏီ ဝန်ထမ်း တစ်ဦဖြစ်ပြီး မိဘ ()ပါး နှင့်အတူနေသည်။

အိမ်ထောင်ဖက်နှင့် သားသမိး မရှိပါ။

အခြေခံသက်သာခွင့်၊ မိဘသက်သာခွင့် နှင့် လူမှုဖူလုံရေးကြေးများ နှုတ်ဖြတ်ပြီး ၎င်း ပေးဆောင်ရမည့် တစ်နှစ်တာ အခွန်ခန့်မှန်း တွက်ချက်မှှု နှင့် တစ်လ လျှင် နှုတ်ဖြတ်ရမည့် ငွေပမာဏကို တွက်ချက် ပြထားပါသည်။

လေ့လာနိုင်ကြရန်အတွက် မျှဝေပါသည်။