Beta
မီးဖွားခွင့် အကြောင်း တစေ့တစောင်း

မီးဖွားခွင့် အကြောင်း တစေ့တစောင်း

မီးဖွားခွင့် လို့ ပြောလိုက်ရင် တော်တော် များများ အမှတ်မှားနေကြတာတွေရှိပါတယ်။

မီးဖွားခွင့်က "လူမှုဖူလုံရေး" ဝင်ထားမှ ရတာ။ လူမှုဖူလုံရေး မဝင်ထားရင် မီးဖွားခွင့်က လစာမဲ့ပဲ လို့ သိနေကြသေးတဲ့သူတွေ. အတော်များနေကြဆဲပါ။ မီးဖွားခွင့်က ၁၉ ၅၁ ခုနှစ် ခွင့်ရက် အလုပ်ပိတ်ရက်မှာ မပါဘူးတဲ့။ ဒါလည်း မဟုတ်ပါဘူး။

၁၉ ၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေ ထွက်စဉ်က

- အများအလုပ်ပိတ်ရက်

- လုပ်သက်ခွင့်ရက်

- ရှောင်တခင်ခွင့်ရက်

- ဆေးလက်မှတ်ခွင့်ရက်

ဆိုတဲ့ () မျိုးပဲ ပါခဲ့ပါတယ်။


အဲသည် မူလ အက်ဥပဒေ တစ်မျိုးကိုသာ သိတဲ့သူတွေလည်း ရှိပါတယ်။

တကယ်တော့ ခွင့်ရက် နှင့် အလုပ်ပိတ်ရက် အက်ဥပဒေဟာ ပြင်ဆက်ချက် ဥပဒေ စုစုပေါင်း () ကြိမ်တိတိ ထပ်ထွက်ထားပါတယ်။ တကယ်တော့ TOP HR Solutions က ထုတ်တဲ့ အလုပ်သမားဥပဒေ ပေါင်းချုပ်စာအုပ်မှာ အားလုံးကို စုစည်း ဖော်ပြပေးထားပါတယ်။

ပထမအကြိမ် ပြင်ဆင်ချက်

---------------------

၁၉ ၅၈ ခုနှစ်မှာ ပထမအကြိမ် ပြင်ဆင်ချက် ထွက်ခဲ့ပါတယ်။

၁၉ ၅၈ခုနှစ်၊ ခွင့်ရက်နှင့် အလုပ်ပိတ်ရက် (ပြင်ဆင်ချက်) အက်ဥပဒေ လို့ ခေါ်တွင်ခဲ့ပြီး သမ္မတကြီး ဦးဝင်းမောင် လက်မှတ်နဲ့ ထုတ်ပြန်ခဲ့ပါတယ်။


အဓိက အကြောင်းကတော့ ရှောင်တခင်ခွင့်ရက် ကို တစ်ကြိမ်လျှင် အများဆုံး () ရက်ထက် မရစေရ ဆိုတဲ့ ခြွင်းချက်ကို ထပ်ဖြည့်တာပါ။


ဒုတိယအကြိမ် ပြင်ဆင်ချက်

၁၉ ၆၃ ခုနှစ် မှာ နောက်တစ်ကြိမ် ပြင်ဆင်ချက် ထပ်ထွက်ပါတယ်။ ၁၉ ၆၃ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် က်ဥပဒေကို ပြင်သည့် ဥပဒေ လို့ ခေါ်တွင်ခဲ့ပြီး တော်လှန်ရေးကောင်စီဥက္ကဌ က ပြင်ဆင်ခဲ့တာပါ။ အဓိက က အများအလုပ်ပိတ်ရက်မှာ တောင်သူလယ်သမားနေ့ ကို ထပ်တိုး သတ်မှတ်ခဲ့တာပါ။


တတိယအကြိြမ်ပင်ဆင်ချက်

-----------------------

၂၀၀၆ ခုနှစ်မှာ ပြင်ဆင်ချက်ထွက်ခဲ့ပါတယ်။. ၁၉ ၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ /၂၀၀၆ လို့ ခေါ်တွင်ပြီး ဗိုလ်ချုပ်မှုးကြီး သန်းရွှေ လက်မှတ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။


အဓိက ကတော့ လုပ်သက်ခွင့်ပါ။ တစ်ဆက်တည်း ဆယ့်နှစ်လ ပြည့်အောင် လုပ်ခဲ့သည့် ဝန်ထမ်းများ လုပ်သက်ခွင့် ၁၀ ရက်ကို တစ်ဆက်တည်း ယူနိုင်တယ် ဆိုတာရယ်၊. အလုပ်တက်ရက် ၂၄ ရက် မပြည့်လျှင် တစ်ရက်ကျဖြတ်တောက်နိုင်သည် ဆိုတာကို ၂၀ ရက် မပြည့်လျှင် လို့ ပြန်ပြင်တဲ့ ကိစ္စပါ။


စတုတ္ထအကြိမ် ပြင်ဆင်ချက်

-----------------------

၁၉ ၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၄ ခုနှစ်၊ ပြည်ထောင်စုလွတ်တော် ဥပဒေအမှတ် ၃၀။)


အဲသည်မှာတော့ ပြင်ဆင်စရာ တော်တော်များများကို ထပ်ပြင်ပါတယ်။ အခေါ်အဝေါ်က အစပေါ့။ ဥပမာ အများအလုပ်ပိတ်ရက် ဆိုတာကို အများပြည်သူ အလုပ်ပိတ်ရက် လို့ ပြောင်းတာမျိုး၊ အဓိကကတော့ တစ်ဆက်တည်း ()ရက်လုပ်ပြီးတိုင်း လုပ်ခပြည့် နားရက် တစ်ရက် ပေးရမည် ဆိုတဲ့ အပတ်စဉ် အလုပ်ပိတ်ရက် သို့မဟုတ် ရက်သတ္တပတ် အလုပ်ပိတ်ရက် သတ်မှတ်ပေးတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး အလုပ်သမားများအား မီးမဖွားမီ ရက်သတ္တပတ် ခြောက်ပတ်နှင့် မီးဖွားပြီး ရက်သတ္တပတ် ရှစ်ပတ် ကို သက်ဆိုင်ရာ အခကြေးငွေနှင့် ဖြစ်စေ၊ လစာငွေနှင့် ဖြစ်စေ၊ မီးဖွားခွင့်ရက် အဖြစ်ဖြင့် ခွင့်ပြုရမည်။ မီးဖွားခွင့်ရက်ကို ဆေးလက်မှတ် ခွင့်ရက်နှင့် ဆက်စပ်ခံစားခွင့် ပြုနိုင်သည် လို့ ပါပါတယ်။


ခွင့်ရက်နှင့် အလုပ်ပိတ်ရက် နည်းဥပဒေများ

-----------------------------------

နည်းဥပဒေများကတော့ ၂၀၁၈ ခုနှစ် ဧပြီလမှ ထွက်ပါတယ်။


ဆိုတော့... မီးဖွားခွင့် အနေနဲ့ မီးမဖွားမီ()ပတ် နှင့် မီးဖွားပြီး ()ပတ်၊ ပေါင်း (၁၄) ပတ် ကို လစာငွေအပြည့်နဲ့ ခံစားခွင့် ပေးဖို့ ဆိုတာဟာ

၁၉ ၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့် ပြင်ဆင်ချက် ဥပဒေများ အရ အလုပ်ရှင်က ပေးရမယ့် ခွင့်ထဲ မှာ ပါပါတယ်။


ဒ့ါကြောင့် လမဖ ဝင်ထားသည်ဖြစ်စေ၊ မဝင်ထားသည် ဖြစ်စေ၊ မီးဖွားခွင့် (၁၄) ပတ်ကို လစာငွေနှင့် ခံစားခွင့်ပြုရမှာ ဖြစ်ပါတယ်။

လစာမဲ့ မဟုတ်ပါဘူး။


အထက်ပါ ဥပဒေပြင်ဆင်ချက်တွေကို မရှာတွေ့ထား၊ စုဆောင်း ဖတ်ရှုလေ့လာထားခြင်း မပြုထားဘဲ အင်တာနက်ပေါ်မှာ အလွယ်တကူ ရှာဖွေနိုင်တဲ့ မူလ ဥပဒေ တစ်ခုတည်း ဖတ်ရုံနဲ့ မီးဖွားခွင့်ဟာ. ၁၉ ၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေမှာ မပြဌာန်းထားတဲ့အတွက် အလုပ်ရှင်မှ လစာပြည့်နှင့် ခွင့်ပြုရန် မလို ဆိုတဲ့ အမှတ်မှား မှုလေးကို သတိပြုနိုင်ကြအောင်ပါ။

ဆိုတော့-

လူမှုဖူလုံရေးပါ ဝင်ထားပြီ ဆိုပါတော့။

လူမှုဖူလုံရေး ဆိုတာက အာမခံ စနစ်တစ်ခုပါ။

အာမခံ ရဲ့ သဘောသဘာဝက အလုပ်ရှင်နဲ့. အလုပ်သမားတို့ ကြုံတွေ့ကြရမယ့် လူမှုဖူလုံရေး ကိစ္စရပ်များနှင့် ပတ်သက်လို့ အာမခံ ပေးတာ ဖြစ်ပါတယ်။ အဲသည် အတွက် လစဉ် ထည့်ဝင်ကြေးပေးရပါတယ်။


လွယ်ကူအောင် အဓိပ္ဗါယ်ဖွင့်ပြရရင် -

အလုပ်ရှင် တစ်ဦးအနေဖြင့် မိမိဝန်ထမ်း မီးဖွားခွင့် ပေးရတဲ့အခါ လစာပြည့် ပေးရတဲ့ တာဝန် ရှိတယ်။

သို့သော် ခွင့်သွားနေသူဝန်ထမ်းရဲ့ အလုပ်တွေကို လုပ်မယ့်သူမရှိဘူး။ ဒါ့ကြောင့် မီးဖွားခွင့်သွားနေသူ ဝန်ထမ်းနေရာမှာ အစားထိုးဝန်ထမ်း ထပ်ခန့်ရပါမယ်။ ဒီအခါမှာ လစာဟာ ယောက်စာ ကုန်ပါတယ်။ အဲသည် အတွက် သူ့မှာ စရိတ်ရှိပါတယ်။ ဒါ့ကြောင့် အာမခံထားရပါတယ်။

ဝန်ထမ်းအနေနဲ့လည်း မီးဖွားရတဲ့ စရိတ်စက တွေ ကုန်ကျပါတယ်။ အလုပ်တာဝန်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်မဟုတ်တဲ့အတွက် ပိုက်ဆံကုန်နီုင်တယ်။ အဲသည် တာဝန်ရှိနေတယ်။ မီးဖွားတာ အပြင် အခြား အလုပ်တာဝန်နှင့် မပတ်သက်တဲ့ ကျန်းမာရေး ပြသနာများ ဖြစ်လျှင် ဆေးကုသဖို့ လိုအပ်ပါတယ်။ အဲသည်အတွက် စိုးရိမ်ပူပန်မှုတွေရှိတယ်။ ဒါတွေကို အာမခံ ထားပါတယ်။

ဒါ့ကြောင့် အဲသည် ကျန်းများရေးနှင့် လူမှုရေး စောင့်ရှောက်မှုအာမခံစနစ် သို့ အလုပ်ရှင်က % နဲ့ အလုပ်သမား က %ထည့်ဝင်ရပါတယ်။


နောက်ထပ် အလုပ်ရှင်ရဲ့ တာဝန် တစ်ခုဖြစ်တဲ့ လုပ်ငန်းခွင်ဘေးအန္တရာယ်ကြောင့် ဖြစ်စေ၊ လုပ်ငန်းခွင်ကျန်းမာရေးအရဖြစ်စေ၊ ဝန်ထမ်း မှာ ကျရောက်တဲ့အခါ ဆေးကုသပေးရမယ့်တာဝန်၊ လျော်ကြေးပေးရမယ့် တာဝန်တွေ ရှိပါတယ်။ Occupational ဆိုရင် အလုပ်ရှင်ရဲ့ ၁၀၀% စရိတ်နဲ့ ကျခံကုသပေးရမှာ ဖြစ်သလို ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုတွေ အတွက်လည်း လျော်ကြေးပေးရမှာပါ။ ဒီတာဝန်အတွက်ကို အလုပ်ရှင်က ထည့်ဝင်ကြေး %ထပ်ပေးရပါတယ်။ ဒါ့ကြောင့် ထည့်ဝင်ကြေးအနေနဲ့ အလုပ်ရှင်က % နဲ့ အလုပ်သမားက %ရတာဖြစ်ပါတယ်။


မီးဖွားခွင့်အကြောင်း ပြန်သွားကြမယ်။

ဒီ ထည့်ဝင်ကြေးတွေ ထည့်ထားတဲ့အတွက် မီးဖွားတဲ့အခါ အကျိုးခံစားခွင့် အနေနဲ့က () မျိုးရပါတယ်။ "မီးဖွားစရိတ်" ရယ် "မီးဖွားခွင့်"

မီးဖွားစရိတ်က ဝန်ထမ်းယူရပါမယ်။

မီးဖွားခွင့်ရက် အတွက် ပေးတဲ့ လစာ ၇၀% က အလုပ်ရှင်နဲ့ သက်ဆိုင်ပါတယ်။ (My interpretation ပါ။ ယခင် နိုင်ငံတကာ အဖွဲ့အစည်းများမှာ နိုင်ငံတကာ အာမခံကုမ္ဗဏီ၊ ဝန်ထမ်း နှင့် အဖွဲ့အစည်းကြားမှာ ဆောင်ရွက်ခဲ့ရတဲ့ အလေ့အထ အရ)

မီးဖွားစရိတ်က ဝန်ထမ်းအနေနဲ့ ထည့်ဝင်ကြေးေတွေပေးသွင်းထားတဲ့အတွက် ဒီစရိတ်ကို အာမခံထားပေးသူကနေ ထုတ်ပေးတာပါ။

မီးဖွားခွင့်ရက် အတွက် လုပ်ခလစာက ၁၉ ၅၁ ခုနှစ် ခွင့်ရက် အလုပ်ပိတ်ရက် အက်ဥပဒေ နှင့် ယင်းကို ပြန်လည်ပြင်ဆင်သည့် ဥပဒေများအရက အလုပ်ရှင်က ပေးထားပြီးပါပြီ။ ဒါ့ကြောင့် အဲသည် ခွင့်ရက်လစာ ဟာ ဝန်ထမ်း ခါ ယူဖို့ ထက် ဝန်ထမ်းကို လစာပြည့်ခွင့်ပေးထားစဉ်မှာ Relieving ဝန်ထမ်းခန့်ထားခြင်း အတွက် အလုပ်ရှင်အတွက် ရရမယ့် အကျိုးခံစားခွင့်ဖြစ်ပါတယ်။


အလေ့အထက A ကမီးဖွားခွင့်သွားရင် B, C & D က သူ့အလုပ်လေးတွေ မျှဝေလုပ်ပေးထားကြရတဲ့ သဘောမှာ ရှိတော့ ဒီရှုထောင့်က မြင်သူရှားပါတယ်။


ဥပဒေမှာလည်း တိတိပပ မပြောထားပြန်ပါဘူး။ ဒါပေမယ့် ဒါလေး တစ်ခုတော့ ပါတယ်။


နည်းဥပဒေ ၁၂၁ မှာ (အလုပ်သမားဥပဒေပေါင်းချုပ်စာမျက်နှာ ၃၁၂)


အာမခံထားသူသည် မီးဖွားခွင့်ကာလအတွင်း အခြားသော ဥပဒေများ သို့မဟုတ် စီရင်ချက်များအရ အလုပ်ရှင်ကပေးသော ခွင့်ကာလ လုပ်ခလစာများ ရထိုက်ခွင့်ရှိပါက လူမှုဖူလုံရေးအဖွဲ့မှ ခွင့်ပြုသော မီးဖွားမှုနှင့် သက်ဆိုင်သည့် ငွေကြေးအကျိုးခံစားခွင့် ရရှိခြင်းကြောင့် ယင်းခွင့်ကာလ လုပ်ခလစာများ ရထိုက်ခွင့် မဆုံးရ့ှုံးစေရ။ သို့ရာတွင် ယင်းခွင့်ကာလ လုပ်ခလစာနှင့် လူမှုဖူလုံရေး အဖွဲ့မှ ပေးသော ငွေကြေးအကျိုးခံစားခွင့် နှစ်ရပ်ပေါင်းသည် အာမခံထားသူ သာမန်ရသည့် လုပ်ခဝင်ငွေထက် ပိုလျှင် ထိုပိုငွေကို အလုပ်ရှင်က နုတ်ယူနိုင်သည်။


လို့ပါပါတယ်။

ခွင့်ရက် အလုပ်ပိတ်ရက် အက်ဥပဒေအရ မီးဖွားခွင့်ကာလအတွက် လစာကို လစာပြည့်နဲ့ အလုပ်ရှင်က ပေးပြီးပြီ ဆိုရင် ဒီဘက် လမဖက ရမယ့် ခွင့်ရက် အကျိုးခံစားခွင့် လစာဟာ Relieving ဝန်ထမ်းခန့်ဖို့ အလုပ်ရှင် အတွက် ဖြစ်ရမှာပါ။ (အချို့အလုပ်ရှင်များကလည်း အာမခံသဘောသဘာဝ သိထားတဲ့အတွက် ထည့်ဝင်ကြေးတွေ သွင်းထားပြီး အလုပ်ရှင်က ဘာရသလဲ မေးကြပါတယ်။ တကယ်တော့ လမဖ ဥပဒေမှာ အလုပ်ရှင်က ရတာတွေ ရှိပါတယ်။ အခုလိုမျိုး အခြားဥ့ဒေ တရပ်ရပ်အောက်က နေ မီးဖွားခွင့်အတွင်း လစာရထားတယ် ဆိုရင် ဟိုဘက်ကရတာ၊ ဒီဘက်က ရတာ ရပ်ပေါင်းဟာ သူသာမန် ရတဲ့ လုပ်ခထက်ပိုရင် အလုပ်ရှင်က ထုတ်ယူနိုင်သည် ဆိုတာမျိုး အပြင် အခြား အလုပ်ရှင်ရတာတွေ ရှိပါသေးတယ်။)


ဘာလို့ ဒီလိုတွေ ရှုပ်ရှုပ်ထွေးထွေး ဖြစ်နေရတာလဲ ဆိုပြီး နည်းနည်းလေး Research လုပ်ကြည့်တဲ့အခါ ဒီလိုတွေ့ပါတယ်။


- လူမှုဖူလုံရေးဥပဒေ က ၂၀၁၂ ခုနှစ်မှာ ထွက်ပါတယ်။

- လူမှုဖူလုံရေးနည်းဥပဒေက ၂၀၁၄ ခုနှစ် ဧပြီလ ရက်နေ့မှာ ထွက်ပါတယ်။

- ၁၉ ၅၁ ခုနှစ် ခွင့်ရက် အလုပ်ပိတ်ရက် အက်ဥပဒေ ကို ပြင်ဆင်သည့် ဥပဒေ ဆိုပြီး မီးဖွားခွင့် ၁၄ ပတ် ထည့်တဲ့ ပြင်ဆင်ချက်က ၂၀၁၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့မှာ ထွက်ပါတယ်။


လမဖ ဥပဒေ၊ နည်းဥပဒေတွေ ထွက်တဲ့ အချိန်မှာ မီးဖွားခွင့် ၁၄ ပတ်ကို အလုပ်ရှင်မှ လစာပြည့်နဲ့ ပေးရမယ် ဆိုတဲ့ ပြင်ဆင်ချက်က မထွက်ထားသေးတော့ တိတိပပ မဟုတ်နေဘဲ အခြား ဥပဒေ တရပ်ရပ်အောက်က ရခဲ့သည်ရှိသော် .... (အပြည့်မဟုတ်ခဲ့ရင်) ဒီဘက်က ရမယ့် ခွင့်အကျိုးခံစားခွင့် လည်း ရပါစေ၊ ဒါပေမယ့် ခုပေါင်းလို့ ကျော်နေရင် တော့ အုလုပ်ရှင်က ပြန်ယူစေ ဆိုပြီး ဖြစ်နေတဲ့ သဘောပေါ့။


ဆိုတော့ လက်ရှိ တည်ဆဲ ဥပဒေတွေကို သုံးပြီး မီးဖွားခွင့် အကြောင်း အနှစ်ချုပ်ပြောရရင်

၁။ လမဖ မဝင်ထားရသေးသော လုပ်ငန်းများမှာ-

၁၉ ၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့် ယင်းကို ပြန်လည်ပြင်ဆင်သည့် ဥပဒေများအရ အလုပ်ရှင်မှ မီးဖွားခွင့် ၁၄ ပတ်ကို လစာပြည့်နှင့် ပေးရပါမယ်။ မီးဖွားစရိတ်က အလုပ်ရှင်ဘက်က သဒါ္ဓလို့ Policy ထုတ်ထားပြီး သူ့ဘတ်ဂျက်ထဲက ပေးထားရင် ရပါမယ်။ မပေးထားရင် မရပါ။ တောင်းဆိုပိုင်ခွင့် တစ်ရပ်မဟုတ်ပါ။ Occupational Health ကိစ္စရပ်မဟုတ်တဲ့အတွက် မီးဖွားစရိတ် အလုပ်ရှင်မှာ ပေးရန် တာဝန်မရှိပါ။ ခွင့်ရက်နှင့် ခွင့်ရက်ကာလအတွင်း လစာကတော့ ပေးရပါမယ်။


၂။ လမဖ ဝင်ထားသော လုပ်ငန်းများ-

၁၉ ၅၁ ခုနှစ် ခွင့်ရက်နှင့် အလုပ်ပိတ်ရက် အက်ဥပဒေနှင့် ယင်းကို ပြန်လည်ပြင်ဆင်သည့် ဥပဒေများအရ အလုပ်ရှင်မှ မီးဖွားခွင့် ၁၄ ပတ်ကို လစာပြည့်နှင့် ပေးရပါမယ်။

လမဖ ဝင်ထားသည့်အတွက် အလုပ်ရှင်၊ အလုပ်သမား ရပ်ပေါင်း ထည့်ဝင်ကြေးတွေ သွင်းထားတာကြေင့် မီးဖွားစရိတ် အတွက်က ဝန်ထမ်းရပါမယ်။ မီးဖွားခွင့်ရက် အတွက်က နည်းဥပဒေပုဒ်မ ၁၂၁ အရ အလုပ်ရှင်နှင့် ဆိုင်ပါတယ်။ သထာ လို့ ဝန်ထမ်းကိုပဲ ခံစားစေ ဆိုလည်း ရပါတယ်။ မဟုတ်ဘဲ အဲဒါကို ၁၂၁ အရ အလုပ်ရှင်က ပြန်လည် နှုတ်ယူပြီး အဲဒါကို သုံးပြီး Relieving ခန့်တဲ့နေရာမှာ သုံးမယ် ဆိုရင် ဖြင့် သာ၍ လျော်ကန်သင့်မြတ်ပါတယ် လို့...


မော်မော်ထွန်း

TOP HR