Beta
အချိန်ပို

အချိန်ပို


သာမန် အလုပ်လုပ်ရက်မှာ ဆင်းရတဲ့ အချိန်ပိုရယ် ၊ အပတ်စဉ် အလုပ်ပိတ်ရက်မှာ ဆင်းရတ်ု့ အချိန်ပိုရယ် ၊ အများပြည်သူ အလုပ်ပိတ်ရက်မှာ ဆင်းရတဲ့ အချိန်ပိုရယ် ဘာကွာလဲ?


  • အချိန်ပို 

အချိန်ပို ဆိုသည်မှာ သတ်မှတ်အလုပ်ချိန်(၈) နာရီထက် ကျော်လွန် လုပ်ကိုင် ရတာကို အချိန််ပိုလို့ ခေါ်ပါတယ် ။ အချိန်ပိုတွက်နည်းကတော့ (၁) နာရီ လုပ်ခ၏ ၂ ဆပါ။ အောက်ပါတွဥ်နည်း အတိုင်း တွက်ရပါတယ်။ (တစ်နာရီလုပ်ခ၏ ၂ဆ)


           လစာ၁၂

           ­× ၂ ဆ    

            ၅၂ ပတ်  x  ၄၄/၄၈ နာရီ  

      



-အပတ်စဉ် အလုပ်ပိတ်ရက် အလုပ်ဆင်းရခြင်း

အပတ်စဉ် အလုပ်ပိတ်ရက်မှာ လုပ်ငန်းလိုအပ်ချက်အရ အလုပ်ဆင်းရလျှင် အဲ့ဒါကို အချိန်ပိုလို့ မခေါ်ပါဘူး။ အချိန််ပိုလုပ်ခ နဲ့ ပေးချေခြင်းထက် အစားထိုးနားရက် ပြန်ပေးရပါမယ်။ ယင်းနေ့ မတိုင်မီ (၃)ရက် အတွင်း တရက် ရက်၊ သို့မဟုတ် ယင်းနေ့၏ နောက်(၃) ရက်အနက် တရက်ရက်မှာ ရက်စားပေးနားရပါမယ်။ (အစားထိုးနားရက်)


  • အများပြည်သူ အလုပ်ပိတ်ရက် အလုပ်ဆင်းရခြင်း

အများပြည်သူ အလုပ်ပိတ်ရက်မှာ လုပ်ငန်းလိုအပ်ချက်အရ အလုပ်ဆင်းရလျှင် အဲသည်ရက်အတွက် တရက်လုပ်ခ၏ (၂)ဆ ပေးရပါမယ်။ နာရီပိုင်းမျှ ခေါ်ခိုင်းသည့် တိုင်အောင် တရက်လုပ်ခ၏ ၂ ဆ ပေးရပါမယ် ။ ရက်အစားပေးလို့မရပါ။ အများပြည်သူ အလုပ်ပိတ်ရက်သည် ထိုကျရောက်သော နေ့ အတွက်သာလျှင် ဖြစ်ရမည် လို့ ဆိုပါတယ်။ (တရက်လုပ်ခ၏ ၂ဆ)



အလုပ်သမားဥပဒေ အရ လစာမှ နှုတ်ဖြတ်ခြင်းမပြုဘဲ ပေးရမယ့် ခွင့် အမျိုးအစား ဘယ်နှ မျိုးရှိပါသလဲ ?


  • ရှောင်တခင် ခွင့် 

မမျှော်လင့် ထားသည့် အရေးပေါ်ကိစ္စ တစ်စုံတစ်ရာ ကြောင့် ကြိုတင်တိုင်းကြားခြင်းမပြုနိုင်သည့် အခြေအနေမျိုးတွင် ခွင့် ပြုပေးနိုင်သည့် ခွင့် အမျိုးအစား ဖြစ်ပြီး တစ်နှစ်လျှင် အများဆုံး (၆) ရက်ဖြစ်သည်။ တစ်ကြိမ်လျှင် (၃) ရက်ထက် မပိုရ။



  • လုပ်သက်ခွင့်

တစ်ဆက်တည်း လုပ်သက် (၁၂) လပြည့်ပြီးသူတိုင်းအတွက် လုပ်သက်ခွင့် (၁၀) ရက်ပေးနိုင်သည်။ ကြိုတင်တိုင်ကြားရမည်။ တစ်ဆက်တည်း လုပ်သက် (၁၂)လ ရှိခဲ့ သော်လည်း ရုံးတက်ရက်(၂၀) ရက် မပြည့်ခဲ့သည့် လတိုင်း အတွက် လုပ်သက်ခွင့် (၁) ရက်ကျစီ ဖြတ်တောက်နိုင်သည်။


  • ဆေးလက်မှတ်ခွင့် 
    လုပ်သက် အနည်းဆုံး (၆) လပြည့် ပြီး သူတိုင်း ဆေးလက်မှတ်ခွင့် ရက် (၃၀) ရ ရှိနိုင်သည်။ ဆေးလက်မှတ် ပူးတွဲ တင်ပြရမည်။ လုပ်သက်(၆) လမပြည့် သေးလျှင် လစာမဲ့ဆေးလက်မှတ်ခွင့် ခံစားနိုင်သည် ။

  • မီးဖွားခွင့်  

လုပ်သက် အနည်းဆုံး (၆) လ ပြည့်ပြီးသူတိုင်း မီးမဖွားမီ (၆) ပတ် နှင့် မီးဖွားပြီး (၈) ပတ်၊ စုစုပေါင်း (၁၄) ပတ် ကို မီးဖွားခွင့် အဖြစ် ခံစားနိုင်သည် ။



လူမှုဖူလုံရေး ဥပဒေအရ ထည့်ဝင် ကြေးပေးသွင်းထားသူ ဝန်ထမ်း အတွက် “အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှု အတွက် ကျန်ရစ်သူ အကျိုးခံစားခွင့်”


အာမခံထားသူက အမည်စာရင်းပေးသွင်းထားခြင်းခံရသူသည် ထိုအာမခံထားသူ မသေဆုံးမီ လေးလ အတွင်း ရ ရှိသော ပျမ်းမျှလုပ်ခအရ ထည့်ဝင်ကြေးငွေ ပေးသွင်းထားသည့် ကာလကို အခြေပြု၍ အောက်ပါအတိုင်း အကျိုးခံစားခွင့် များကို ထိုသူ၏ ဆန္ဒအရ အရစ်ကျဖြစ်စေ၊ တစ်လုံးတစ်ခဲတည်း ဖြစ်စေ ရ ထိုက်ခွင့် ရှိသည်။

  • ထည့်ဝင်ကြေးငွေ ကို လပေါင်း ၆၀ နှင့် အောက်ပေးသွင်းပြီး ဖြစ်ပါက ပျှမ်းမျှ လုပ်ခတစ်လစာ၏ (၃၀) ဆ

  • ထည့်ဝင်ကြေးငွေ ကို လပေါင်း ၆၀ အထက်မှ လပေါင်း ၁၂၀ နှင့် အောက် ပေးသွင်းပြီး ဖြစ်ပါက ပျှမ်းမျှ လုပ်ခ တစ်လစာ၏ (၅၀) ဆ
  • ထည့်ဝင်ကြေးငွေ ကို လပေါင်း ၁၂၀ အထက်မှ လပေါင်း ၂၄၀ နှင့်အောက် ပေးသွင်းပြီးဖြစ်ပါက ပျှမ်းမျှလုပ်ခ တစ်ခစာ၏ (၆၀) ဆ
  • ထည့်ဝင်ကြေးငွေ ကို လပေါင်း ၂၄၉ အထက် ပေးသွင်းပြီးဖြစ်ပါက ပျှမ်းမျှ လုပ်ခ တစ်လစာ၏ (၈၀) ဆ