interviewဖြေမယ်ဆိုရင်

interviewဖြေမယ်ဆိုရင်

အလုပ်အတွက် interview သွားဖြေရတဲ့အခါ ဒါမှမဟုတ် online interview တွေလုပ်ရတဲ့အခါ good first impression ဖြစ်စေဖို့ အောက်ပါအချက်လေးတွေဂရုစိုက်ပြီးလုပ်ဆောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်။

အချိန်တိကျပါစေ။

interviewဝင်ရန်အတွက် ၁၀မိနစ်ကြိုပြီး အစစအရာရာအသင့်အနေအထားနှင့်ရှိနေသင့်ပါတယ်။ အပြင်လူတွေ့မှာဆိုလည်းဖြေဆိုရမည့်နေရာကိုစောရောက်နေခြင်း၊ online video call တွေမှာဆိုရင်လည်း computerကိုဖွင့်ထားပြီး ကိုယ်အသုံးပြုမဲ့ online platform (Zoom, Google Team, etc.,) ကိုစမ်းသပ်ပြီး interviewဝင်ရမဲ့အချိန်မှာအဆင်သင့်ဖြစ်နေခြင်းတို့က မိမိဘက်ကအချိန်ရော တစ်ဖက်လူကို Respect ရှိကြောင်းပြသရာရောက်ပါတယ်။ (မိမိဘက်မှ မတက်ရောက်နိုင်ခဲ့လျှင်လည်းမတက်ရောက်နိုင်ကြောင်းကို ကြိုတင်အကြောင်းကြားပါတယ်။)

သပ်သပ်ရပ်ရပ်ဝတ်ပါ။

လူတွေ့ interviewပဲဖြစ်ဖြစ် online interviewပဲဖြစ်ဖြစ် အဝတ်အစားကို ဂရုစိုက်သင့်ပါတယ်။ အရောင်တောက်တောက် sexyကျကျအမြင်ရိုင်းစေသောအဝတ်အစားများကိုမဝတ်သင့်ပါဘူး။

‘online ကနေပဲဖြေရတာပါလေ ပြင်ဆင်စရာမလိုပါဘူး’ ဆိုပြီး အိမ်နေရင်းအဝတ်အစား ညအိပ်အဝတ်အစားဝတ်ပြီး interview call ဖြေဆိုခြင်းကိုမပြုလုပ်သင့်ပါဘူး။ ရိုးရိုးရှင်းရှင်းနဲ့သေသေသပ်သပ်ဝတ်စားခြင်းကမိမိအပေါ်တစ်ဖက်အမြင်မှာ impression တက်စေပါတယ်။

အဝတ်အစား အရောင်ရွေးချယ်တဲ့အခါမှာလဲ အဖြူရောင်၊ မိုးပြာရောင် စတဲ့အရောင်တွေလို တစ်ဖက်လူကိုမျက်စိအေးစေမယ်အရောင်လေးတွေ ရွေးချယ်သင့်ပါတယ်။

တော်သင့်ရုံပြင်ပါ။

ဒါကတော့ အမျိုးသမီးများအတွက်ပါ။ Interview သွားတဲ့အခါ မိတ်ကပ်တွေအများကြီးလိမ်းသွားတာမျိုး ကိုရှောင်သင့်ပါတယ်။ တော်ရုံတန်ရုံ သေသေသပ်သပ် အပြင်အဆင်လေးလုပ်သွားနိုင်ရင် ရပါပြီ။

နေရာရွေးချယ်တက်ပါစေ။

Online ကနေ Video Call နဲ့ interview တွေလုပ်တဲ့အခါ အရေးကြီးတဲ့အချက်တစ်ခုပါ။ လမ်းလျှောက်နေရင်းပြောတာ အခြားတစ်ခုခုလုပ်နေရင်းပြောတာတွေကိုရှောင်ရပါမယ်။ ကိုယ်ကအိမ်မှာဆိုရင်လည်းတခြားအသံအနှောင့်အယှက်တွေမရောက်နိူင်တဲ့အခန်းကို ရွေးချယ်သင့်ပါတယ်။ ဒါမှမဟုတ် အေးဆေးငြိမ်သက်ပြီးစကားပြောရအဆင်ပြေမဲ့ coffee ဆိုင်တစ်ခုခုမှာဖြစ်သွားပြီး နေရာယူတာမျိုးလုပ်သင့်ပါတယ်။

ပြန်မေးဖို့ ဝန်မလေးပါနဲ့။

အခုနောက်ပိုင်း foreigner တွေနဲ့လုပ်ငန်းခွင်မှာတွဲပြီးလုပ်လာရတာများလာနာနဲ့အမျှ interviewဖြေရင်လည်းသူတို့တွေနဲ့ဖြေရတာများလာပါတယ်။ တခြားဘာသာစကားနဲ့ပဲဖြစ်ဖြစ် မြန်မာဘာသာစကားနဲ့ပဲဖြစ်ဖြစ် interviewဖြေတဲ့အခါ မိမိနားမလည် မရှင်းသည်များကို သေချာရှင်းလင်းအောင်ပြန်လည် မေးမြန်းပြောဆိုခြင်းက မိမိအတွက်များစွာအထောက်အကူဖြစ်စေမှာပါ။

-----------------

အပေါ်ကဖေါ်ပြခဲ့တဲ့ အချက်လေးတွေကိုလက်တွေ့မှာအသုံးချရင်း interviewဖြေတဲ့အခါ စိတ်တည်ငြိမ်စွာ ဖြေဆိုရင်း impression ကောင်းကောင်းတွေရကြပြီး ကိုယ်လိုချင်တဲ့ အလုပ်ကိုရရှိနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း