Beta

Fundamentals of HR Managementသင်တန်း

Fundamentals of HR Managementသင်တန်း

💢Stay Home ကာလမှာ အားလပ်ချိန်တွေကို အကျိုးရှိရှိအသုံးချချင်တဲ့ လူငယ်များအတွက်💢

𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥𝐬 𝐨𝐟 𝐇𝐑 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭သင်တန်း

----------------------------------

အခုလို Covid ဖြစ်ပွားနေတဲ့ အချိန်မှာ သင်တန်းကျောင်းတွေပိတ်၊ ရုံးတွေပိတ်ထားကြရတာဖြစ်လို့ ပိုရလာတဲ့ အားလပ်ချိန်လေးမှာ အခြားကုန်ကျစရိတ်တွေမရှိ၊ လမ်းခရီးသွားစရာမလို၊ မည်သူနဲ့မှလဲထိတွေ့စရာမလိုတဲ့ Online Learning လုပ်ဖို့က အခွင့်အရေးကောင်းတစ်ခုပါ။ ဒီလိုမျိုးအခွင့်အရေးကို အကျိုးရှိရှိအသုံးချချင်တဲ့ လူငယ်များအတွက် Top HR Solutions မှ တီချယ် ဒေါ်မော်မော်ထွန်း ကိုယ်တိုင်သင်ကြားပေးမယ့် 𝐅𝐮𝐧𝐝𝐚𝐦𝐞𝐧𝐭𝐚𝐥𝐬 𝐨𝐟 𝐇𝐑 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 သင်တန်းကိုဖွင့်လှစ်ပေးလိုက်ပါပြီ။

ဘယ်လိုလူတွေတက်သင့်လဲ?

-----------------------------------

HR တစ်ယောက်အဖြစ် စတင်လုပ်ကိုင်လိုသူများ

HR ပညာကို အခြေခံမှစတင်လေ့လာလိုသူများ

လုပ်နေတဲ့ အလုပ်မှာ HR နဲ့ပက်သက်ပြီး သိရှိထားဖို့လိုသူများ

တက္ကသိုလ်တက်ရင် အလုပ်ဝင်ချင်သူများနှင့်

HR Management ပညာရပ်ကို စိတ်ပါဝင်စား၍လေ့လာချင်သူများ တက်ရောက်ဖို့ အထူးသင့်တော်ပါတယ်။

ဘာတွေသင်ပေးမှာလဲ?

--------------------------------

✔️Introduction to business organization

✔️Fundamentals of HRM

✔️Operational Functions of HRM

✔️Organization Design

✔️Manpower Planning

✔️Recruitment & Selection

✔️Learning & Development

✔️Performance Management

✔️Compensations & Benefits

✔️Employee Relations & Legal Compliance

👩‍🏫 သင်ကြားမည့်ဆရာမ -

Daw Maw Maw Tun(𝐁𝐀.𝐈𝐑, 𝐃𝐌𝐀, 𝐃𝐁𝐀, 𝐃𝐈𝐋)

ဆရာမဒေါ်မော်မော်ထွန်းသည် နိုင်ငံခြားသံရုံး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများတွင် လုပ်သက် (၁၅) နှစ် ကျော်နှင့် ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းကြီးများတွင် လူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ဒါရိုက်တာ အဖြစ် လုပ်သက် (၅) နှစ်ကျော်၊ စုစုပေါင်း လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှု အပါအဝင် စီမံခန့်ခွဲမှု လုပ်ငန်းခွင်လုပ်သက် နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်ခဲ့ကာ 𝐓𝐨𝐩 𝐇𝐑 𝐒𝐨𝐥𝐮𝐭𝐢𝐨𝐧𝐬 လုပ်ငန်းကို ၂၀၁၄ ခုနှစ်တွင်လည်းကောင်း၊ 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐂𝐚𝐫𝐞𝐞𝐫 𝐁𝐫𝐢𝐝𝐠𝐞 𝐀𝐜𝐚𝐝𝐞𝐦𝐲 ကို ၂၀၁၆ တွင်လည်းကောင်း တည်ထောင်ခဲ့ပြီး HR သင်တန်းများ၊ အလုပ်သမားဥပဒေ သင်တန်းများ နှင့် အသုံးချစီးပွားစီမံ သင်တန်းများဖွင့်လှစ်ပို့ချ ပေးလျက် ရှိပြီး လူ့စွမ်းအားအရင်းအမြစ် တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ အကြံပေးခြင်းတို့ကို ဆောင်ရွက် ပေးလျက်ရှိပါသည်။

သင်တန်းအချက်အလက်

----------------------------

Fundamentals of HR Management (Online Class)

သင်တန်းဖွင့်မည့်ရက် - 8th October

သင်တန်းအချိန် - 6:00 PM to 7:00 PM (Thu, Fri, Sat)

သင်တန်းကာလ -1 Month

သင်တန်းကြေး -30,000Ks

⚠️ကျောင်းသားဟောင်းများအတွက် အထူးအစီအစဉ်⚠️

Top HR Solutions နှင့် MCBA သင်တန်းကျောင်းတွင် တက်ရောက်ဖူးသူကျောင်းသားဟောင်းဖြစ်ပါက

၁၅၀၀၀ကျပ်ဖြင့် တက်ရောက်နိုင်ပါသည်။

ဘယ်လိုသင်မှာလဲ?

-------------------------

Zoom Private Group တွင် Live Session ဖြင့်သင်ကြားပေးမှာဖြစ်ပြီး

Discussionများ၊ Q&A များဖြင့် အသေးစိတ်သင်ကြားပေးမှာဖြစ်ပါတယ်။

(Onlineသင်တန်းဖြစ်တာမို့လို့ သင်ကြားမှုထိရောက်စေရန် Google Classroom တွင်တင်ပေးသည့် Assignment များပုံမှန်ဖြေဆိုရန်လိုအပ် ပါသည်။❗ Zoom Meeting Join မရခြင်း၊ Google Classroom ထဲသို့ Join မရခြင်းတို့အား ပထမဆုံးတစ်ပက်တွင် Classroom Assistant တစ်ဦးထား၍ကူညီပေးသွားပါမည်❗

သင်တန်းအကြောင်းအသေးစိတ်စုံစမ်းရန်

☎️ဖုန်း၊ 099 77 90 66 40