Beta
Job Seeker 1

Job Seeker 1

Full Time ဖြစ်စေ၊ Part Time ဖြစ်စေ အလုပ်အကိုင်တစ်ခုကို လျှောက်တော့မယ်ဆိုရင် ပထမဦးဆုံး ပြင်ဆင်ရမှာက CV Form ပါ။

CV Form ဆိုတာ ကိုယ်နဲ့ အလုပ်ရှင် ကြားက first impression ဖြစ်သလို ကိုယ့်CV Formကို ကြည့်ပြီးမှ interview တွေ့သင့် မတွေ့သင့်စဉ်းစားမှာဖြစ်တဲ့အတွက်အရေးကြီးပါတယ်။

ကိုယ့် CV ကိုဖတ်မယ့်သူ ရှင်းရှင်းလင်းလင်းဖတ်နိုင်အောင် သေသပ်တဲ့ Format တစ်ခုနဲ့ တင်ပြနိုင်အောင် CV ရေးတဲ့အခါ အထူးဂရုစိုက်ရမယ့် ဆောင်ရန်၊ ရှောင်ရန် အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

•Personal Informationနဲ့ပါတ်သက်လို့ရေးတဲ့အခါ-

- Name

- Address

- Contact Number

- Email

- Date of Birth

- Marital Status

စသည်ဖြင့်ပါဝင်သင့်ပါတယ်။

အထူးသဖြင့် Email address ကိုရေးတဲ့အခါ အလုပ် လျှောက်တာဖြစ်တဲ့အတွက်

Professional မဖြစ်တဲ့အပြင် မသင့်လျော်တဲ့ Email Address မျိုး မဖြစ်နေရပါဘူး။

(Eg - [email protected], [email protected], Ect..)

• Working Experience နဲ့ပါတ်သက်လို့ရေးတဲ့အခါ-

အတွေ့အကြုံတွေကို ထည့်ရေးတဲ့အခါ လုပ်ခဲ့တဲ့ အချိန်တွေကိုပါ ကြီးစဉ်ငယ်လိုက် ရေးပေးသင့်ပါတယ်။ ဆိုလိုတာက ဖတ်တဲ့သူက အနီးဆုံးကာလက အတွေ့အကြုံကို ကြည့်မှာဖြစ်တဲ့အတွက် 2021 ကဟာကိုအရင်ရေး ပြီးမှ 2019, 2015 ကလုပ်ခဲ့တဲ့ အတွေ့အကြုံတွေကို နောက်ကရေးသင့်ပါတယ်။ Educational Background နဲ့ပါတ်သက်လို့ရေးတဲ့အခါမှာလဲ ခုနှစ်တွေကိုလည်း ကြီးစဉ်ငယ်လိုက် စီသင့်ပါတယ်။

• Language Skills နဲ့ပါတ်သက်လို့ရေးတဲ့အခါ-

ယခုလက်ရှိ အင်တာနက်ခေတ်မှာ ဆက်သွယ်ရေးစနစ်တွေ ပိုမိုမြန်ဆန်လာပြီးတဲ့အတွက် Language Skills ရှိခြင်း/ မရှိခြင်းဟာ အရင်ကထက်ပိုလို့ အရေးပါလာတာ အသေအချာပါပဲ။ လုပ်ငန်းခွင်မှာဆိုရင် Language တစ်မျိုးထက်မက တတ်ကျွမ်းခြင်း တတ်တဲ့Languageကို ကျွမ်းကျွမ်းကျင်ကျင် အသုံးပြုနိုင်ခြင်းဟာ အလုပ်ရနိုင်ခြေ ပိုများစေနိုင်တဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Language Skills ကို စနစ်တကျ ပြုစုပျိုးထောင်ထားပြီး CV မှာလည်း ထည့်သွင်း ရေးသားသင့်ပါတယ်။

• Expected Salary နဲ့ပါတ်သက်လို့ရေးတဲ့အခါ-

အလုပ်လာလျောက်တဲ့လူတွေဆီက ခန့်မှန်းလစာ မထည့်ဘဲကျော်ခဲ့လို့ရမလားဆိုတဲ့ မေးခွန်းမျိုးတွေ အများဆုံးကြားရပါတယ်။ ခန့်မှန်းလစာက ထည့်ကိုထည့်ပေးသင့်ပါတယ် ။ အလုပ်ရှင်တွေက လူတစ်ယောက်မှာ သူကြိုက်တဲ့ Skills တွေ ရှိနေပြီဆို ခန့်မှန်းလစာကိုအရင် ကြည့်ပါတယ် (ခန့်မှန်းလစာမပါရင် သူပေးချင်သလောက်နဲ့ ပေးပြီး အဆင်ပြေလားမေးတတ်ပါတယ်)။ ဒါကြောင့် မပါမဖြစ် ထည့်ပေးပါ။ တကယ်လို့ ကိုယ့်ရဲ့ခန့်မှန်းလစာက အရမ်းများနေရင်လည်း လုပ်ငန်းလည်ပတ်တဲ့ ၀င်ငွေနဲ့မကိုက်ရင်လည်း အလုပ်ရဖို့မလွယ်ပါဘူး။ ဒါကြောင့် ကိုယ်လက်ခံနိုင်မယ့် အနည်းဆုံးလစာ နဲ့ ကိုယ်လိုချင်သလောက်လစာ ကို Range နဲ့ရေးပေးရင်အကောင်းဆုံးပါ။

• CV Format မရှင်းလင်းခြင်း-

သင်ဟာ Design နယ်ပယ်ကသူမဟုတ်သရွေ့ သင့် CV Format ဟာ လန်ပြန်နေအောင်လှဖို့မလိုပါဘူး။ ဖတ်တဲ့သူ နားလည်လွယ်မယ့် ရှင်းရှင်းလင်းလင်းရှိတဲ့ Format, fontတွေကိုသာ အဓိကအသုံးပြုသင့်ပါ။ အသုံးများတဲ့ fontတွေကတော့ Times New Roman, Arial, Calibri တို့ဖြစ်ပါတယ်။ CV form ရေးတဲ့အခါ simple Font နဲ့ရေးသင့်တဲ့အပြင် margin , text lines တွေကိုလဲ အထူးဂရုစိုက်သင့်ပါတယ်။ Standard margin lines, text lines တွေကိုလဲလေ့လာပြီး အကောင်းဆုံးပြင်ဆင်ထားသင့်ပါတယ်။