Beta
မိမိလုပ်ငန်းအတွက် လိုအပ်နေတဲ့ ဝန်ထမ်းများကို စရိတ်ကျစ်ကျစ်လစ်လစ်နဲ့ လူမှန်နေရာမှန်ဖြစ်အောင်ခန့်အပ်ထားနိုင်ရန်

မိမိလုပ်ငန်းအတွက် လိုအပ်နေတဲ့ ဝန်ထမ်းများကို စရိတ်ကျစ်ကျစ်လစ်လစ်နဲ့ လူမှန်နေရာမှန်ဖြစ်အောင်ခန့်အပ်ထားနိုင်ရန်

မိမိလုပ်ငန်းအတွက် လိုအပ်နေတဲ့ ဝန်ထမ်းများကို စရိတ်ကျစ်ကျစ်လစ်လစ်နဲ့ လူမှန်နေရာမှန်ဖြစ်အောင်ခန့်အပ်ထားနိုင်ရန် အတွက် recruiting နဲ့ပက်သက်တဲ့ဝန်ဆောင်မှုများကိုဖော်ပြပေးလိုက်ပါတယ်။

အခုနောက်ပိုင်း Company တွေရဲ့လိုအပ်ချက်အရ Recruiting Service တွေဟာ Creative ပိုဖြစ်လာသလို Customize Service တွေလဲတွေ့လာရပါတယ်။ နိုင်ငံတကာမှာ ဈေးကွက်ရဲ့လိုအပ်ချက်အရ Service အမျိုးအစားတွေအများ ကြီးရှိနိုင်ပါတယ်။ အခုတော့မြန်မာနိုင်ငံရဲ့ ဈေးကွက်အနေအထား/ Labor Market နဲ့သင့်တော်မယ့် Service အမျိုးအစား (၃)မျိုး ကို ဖော်ပြပေးလိုက်ပါတယ်။

1. Recruiting Agency Service

----------------------------------

ပထမဆုံးတစ်ခုကတော့ တော်တော်များများသိကြတဲ့ Recruiting Agency Service ပါ။ ဒီဝန်ဆောင်မှုမှာတော့ စီးပွားရေးလုပ်ငန်းများက မိမိတို့လိုအပ်နေတဲ့ ရာထူးအမည်၊ ဝန်ထမ်း ဦးရေ၊ အလုပ်တာဝန်သတ်မှတ်ဖော်ပြချက် (JD) အကျဉ်းချုပ်၊ သက်ဆိုင်ရာ ရာထူးအလိုက် လိုအပ်တဲ့ အရည်အချင်း၊ ပေးနိုင်တဲ့ လစာ Range စတဲ့ Data တွေကိုပေးပြီး Recruiting Agency တွေအနေနဲ့ စုဆောင်းထားတဲ့ CVများနဲ့ အခြား Recruitment Platform များကနေကိုက်ညီတဲ့ candidates ကို စုဆောင်းရွေးချယ်ချိတ်ဆက်ပေးတဲ့ဝန်ဆောင်မှုဖြစ်ပါတယ်။ Recruiting Agency Service တွေကို အလုပ်သမားဝန်ကြီးဌာနက စီစစ်လိုင်စင် ထုတ်ပေးပြီး တရားဝင်လုပ်ကိုင်ခွင့်ပြုထားပါတယ်။ ဝန်ဆောင်ကိုတော့ ရွေးချယ်ခန့်အပ်လိုက်တဲ့ဝန်ထမ်း လစာရဲ့ (၁) လခစာ ထက်မများရလို့ ဥပဒေအရ သက်မှတ်ထားပါတယ်။

2. Selection Consultant Service

-----------------------------------

ဒီဝန်ဆောင်မှုရဲ့ တာဝန်ယူရတဲ့ Scope က Recruitment ထက်ပိုပြီးကျယ်ပြန့်ပါတယ်။ အချို့လုပ်ငန်းတွေမှာ

Interview မေးတဲ့အခါ ပညာရပ်ဆိုင်ရာမေးခွန်တွေကိုမေးနိုင်ဖို့ ကျွမ်းကျင်ပညာရှင် ရှိမနေတက်ကြပါဘူး။

ဥပမာအားဖြင့် C Level အရာရှိ ခန့်ထားဖူးခြင်းမရှိသေးတဲ့ ဌာနအတွက် C Level တစ်ယောက်ကို Interview တဲ့အခါ C Level တစ်ယောက်မှာ သိထား တက်ထား နားလည်ထားရမယ့် ပညာရပ်ဆိုင်ရာမေးခွန်းတွေကို ကုမ္ပဏီHR မှ အလုံးစုံမေးမြန်းစစ်ဆေးခြင်း မပြုနိုင်သလို လုပ်ငန်းရှင် သို့မဟုတ် TOP Management ကိုယ်တိုင်လည်း ပညာရပ်ဆိုင်ရာ မေးခွန်းများ စိစစ်မေးမြန်း နိုင်ဖို့ အခက်အခဲရှိနိုင်ပါတယ်။ ဒါဒါကြောင့်မို့ Interview Panel တွေထဲမှာ သက်ဆိုင်ရာ ပညာရပ်နယ်ပယ်ကကျွမ်းကျင်ပညာရှင်တစ်ယောက်လိုလာပါပြီ။ Selection Consultant Service ကတော့ Recruiting Service လို့ခေါ်တဲ့ သင့်တော်ကိုက်ညီတဲ့ လျှောက်လွှာရှင်စုဆောင်းပေးခြင်း ဝန်ဆောင်မှု အပြင် သက်ဆိုင်ရာပညာရှင်နဲ့ Interview ပေးပြီး ရွေးချယ်ခန့်အပ်ပေးတဲ့အထိ ဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှုဖြစ်ပါတယ်။ ဝန်ဆောင်ခ နှုန်းထားကတော့ ပညာရပ်ဆိုင်ရာ နယ်ပယ် အလိုက် ကျွမ်းကျင်ပညာရှင်အဆင့် လိုအပ်ချက်ပေါ်လည်း မူတည်ပါတယ်။ ဥပမာအားဖြင့် CTO, CFO, CHRO, CMO, etc. )

3. Search Consultant Service

--------------------------------

နောက်ဆုံးတစ်ခုကတော့ Search Consultantပါ (Head Hunting Service လို့လဲခေါ်ကြပါတယ်)။ အပေါ်က ဝန်ဆောင်မှုနှစ်ခု ဖြစ်တဲ့ Agency Service နဲ့ Selection Consulting Service ထက် ပိုမိုအားထုတ်ရတတ်ပါတယ်။ ပုံမှန် အားဖြင့် အလုပ်အကိုင်အခွင့်အလမ်းသစ် ရှာဖွေနေတဲ့ အလုပ်အကိုင်စျေးကွက်ထဲမှာ အလွယ်တကူ ခေါ်ယူခန့်ထားရန် ခက်ခဲတဲ့ ရာထူးများကို ဖြည့်တင်းနိုင်ဖို့အတွက် Search Consultant များ က ပိုအားထုတ်ပေးရလေ့ရှိပါတယ်။ ရှားပါးတဲ့ Industry တစ်ခုရဲ့ ရာထူးအမြင့်ပိုင်းတွေ၊ ဘဏ်လုပ်ငန်းများရဲ့ C Level တွေ ဆိုရင်တော့ အလုပ်အကိုင်စျေးကွက်ထဲမှာ များများစားစား မရှိသလို အဲသလို လူမျိုးတွေကလည်း Agency တွေမှာ CV တင်ပြီး အလုပ်လိုက်‌ရှာ နေလေ့လည်း မရှိကြပါဘူး။ Search Consultant Service က အဲ့လိုမျိုးရှာရခက်တဲ့လူမျိုးတွေနဲ့ Network တွေတည်ဆောက်ပြီး၊ ချဉ်းကပ်လေ့လာခြင်း ချိတ်ဆက် ခေါ်ယူခန့်ထားပေးခြင်း ကဲ့သို့သော ဝန်ဆောင်မှုများ ဖြစ်ပါတယ်။ အချို့သော ရာထူး အဆင့်များအတွက် သင့်တော်ကိုက်ညီသည့် ပုဂ္ဂိုလ်ခန့်ထားနိုင်ရေးအတွက် ၆ လခန့်မှ တစ်နှစ်ခန့်အထိ ကြာမြင့်နိုင်သလို အားထုတ်မှု များစွာ သုံး၍ ရှာဖွေ ချိတ်ဆက် ပေးရတဲ့ ဝန်ဆောင်မှု ဖြစ်တဲ့အတွက် ဝန်ဆောင်ခလည်း များနိုင်ပါတယ်။

မိမိလုပ်ငန်းမှ လိုအပ်သည့် ရာထူးအဆင့်အလိုက် သင့်တင့်လျောက်ပတ်သည့် ဝန်ဆောင်မှု အမျိုးအစားများ ရွေးချယ် အသုံးပြုနိုင်ကြပါစေကြောင်း ဆန္ဒပြုပါသည်။