TOP HR Solutions
Terms and Conditions စည်းကမ်းနှင့် သတ်မှတ်ချက်များ
Books, Digital Materials and Subscription Services စာအုပ်များ၊ Digital Materials များနှင့် Subscription ဝန်ဆောင်မှုများ
Last Updated: September 16, 2026 နောက်ဆုံးပြင်ဆင်သည့်ရက်စွဲ - September 16, 2026
These Terms and Conditions apply to all purchases of books, digital materials, and subscription services made through the TOP HR website or online checkout.ဤစည်းကမ်းချက်များသည် TOP HR Website သို့မဟုတ် Online Checkout မှတစ်ဆင့် ဝယ်ယူသော စာအုပ်များ၊ Digital Materials များနှင့် Subscription ဝန်ဆောင်မှုများ အားလုံးအပေါ် အကျုံးဝင် ပါသည်။
By placing an order or making a payment, you confirm that you have read, understood, and agreed to these Terms and Conditions.အမှာစာတင်ခြင်း သို့မဟုတ် ငွေပေးချေခြင်း ပြုလုပ်ခြင်းဖြင့် ဤစည်းကမ်းချက်များကို ဖတ်ရှု၊ နားလည်ပြီး သဘောတူလက်ခံကြောင်း အတည်ပြုပါသည်။
1. Products and Services၁။ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ
TOP HR provides books, digital materials, and subscription services through its website. The product description, price, delivery method, access period, and other applicable conditions will be shown on the relevant product page or at checkout.TOP HR သည် Website မှတစ်ဆင့် စာအုပ်များ၊ Digital Materials များနှင့် Subscription ဝန်ဆောင်မှုများကို ပေးအပ်ပါသည်။ ထုတ်ကုန်၏ အသေးစိတ်အချက်အလက်၊ ဈေးနှုန်း၊ ပေးပို့သည့် နည်းလမ်း၊ အသုံးပြုခွင့်ကာလနှင့် အခြားသက်ဆိုင်ရာစည်းကမ်းချက်များကို သက်ဆိုင်ရာ Product Page သို့မဟုတ် Checkout တွင် ဖော်ပြထားမည်ဖြစ်ပါသည်။
2. Prices and Taxes၂။ ဈေးနှုန်းများနှင့် အခွန်များ
All prices are displayed in Myanmar Kyat (MMK) unless otherwise stated. Applicable taxes or other legally required charges may be added where applicable.ဈေးနှုန်းအားလုံးကို အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက မြန်မာကျပ် (MMK) ဖြင့် ဖော်ပြထားပါသည်။ သက်ဆိုင်ရာအခွန်များ သို့မဟုတ် ဥပဒေအရ ပေးဆောင်ရန်လိုအပ်သော အခြား ကျသင့်ငွေများရှိပါက ထပ်မံကောက်ခံနိုင်ပါသည်။
TOP HR may change prices or promotional offers from time to time. Any change will not affect an order that has already been accepted and paid for.TOP HR သည် ဈေးနှုန်းများ သို့မဟုတ် ပရိုမိုးရှင်းကမ်းလှမ်းချက်များကို အခါအားလျော်စွာ ပြောင်းလဲနိုင်ပါသည်။ သို့သော် လက်ခံအတည်ပြုပြီး ငွေပေးချေပြီးသား အမှာစာများအပေါ် ထိုပြောင်းလဲမှုများ သက်ရောက်မည်မဟုတ်ပါ။
3. Orders and Payment၃။ အမှာစာများနှင့် ငွေပေးချေမှု
An order is confirmed when the checkout process is completed and payment has been successfully made and verified through MMQR.MMQR မှတစ်ဆင့် ငွေပေးချေမှု အောင်မြင်စွာပြုလုပ်ပြီး အတည်ပြုနိုင်သည့်အခါ အမှာစာကို အတည်ပြုထားသည်ဟု သတ်မှတ်ပါသည်။
TOP HR accepts MMQR as the payment method for all purchases made through the website.TOP HR Website မှတစ်ဆင့် ဝယ်ယူမှုများအတွက် MMQR တစ်ခုတည်းကိုသာ ငွေပေးချေမှု နည်းလမ်းအဖြစ် လက်ခံပါသည်။
If payment is unsuccessful or cannot be verified, TOP HR may delay or cancel the order until payment is successfully confirmed.ငွေပေးချေမှု မအောင်မြင်ခြင်း သို့မဟုတ် အတည်ပြုစစ်ဆေး၍ မရခြင်း ဖြစ်ပါက ငွေပေးချေမှု အောင်မြင်စွာ အတည်ပြုနိုင်သည်အထိ TOP HR သည် အမှာစာကို ဆိုင်းငံ့ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်ပါသည်။
4. Delivery and Digital Access၄။ ပေးပို့ခြင်းနှင့် Digital Access
Books will be delivered using the delivery method and estimated delivery period stated on the relevant product page.စာအုပ်များကို သက်ဆိုင်ရာ Product Page တွင် ဖော်ပြထားသည့် ပေးပို့သည့်နည်းလမ်းနှင့် ခန့်မှန်းပေးပို့ချိန်အတိုင်း ပေးပို့မည်ဖြစ်ပါသည်။
Digital Materials will normally be provided through the registered email address, customer account as electronic method stated at checkout.Digital Materials များကို ပုံမှန်အားဖြင့် Checkout တွင် ဖော်ပြထားသည့် Electronic Method အတိုင်း မှတ်ပုံတင်ထားသော Email Address သို့မဟုတ် Customer Account မှတစ်ဆင့် ပေးအပ်မည်ဖြစ်ပါသည်။
Digital subscription access will be provided through the customer's registered email address and customer account.Digital Subscription အသုံးပြုခွင့်ကို Customer မှ မှတ်ပုံတင်ထားသော Email Address နှင့် Customer Account မှတစ်ဆင့် ပေးအပ်မည်ဖြစ်ပါသည်။
5. Cancellation and Refund၅။ ပယ်ဖျက်ခြင်းနှင့် ငွေပြန်အမ်းခြင်း
All purchases are final and non-refundable once payment has been successfully completed. No refund or cancellation will normally be provided due to change of mind, non-use, partial use, or failure to use the purchased digital material.ငွေပေးချေမှု အောင်မြင်စွာ ပြီးမြောက်ပြီးနောက် ဝယ်ယူမှုအားလုံးသည် အပြီးသတ်ဖြစ်ပြီး ငွေပြန်အမ်းခြင်း မပြုလုပ်ပါ။ စိတ်ပြောင်းလဲခြင်း၊ အသုံးမပြုခြင်း၊ တစ်စိတ်တစ်ပိုင်းသာ အသုံးပြုခြင်း သို့မဟုတ် ဝယ်ယူထားသော Digital Material ကို အသုံးမပြုနိုင်ခြင်းတို့ကြောင့် ပုံမှန်အားဖြင့် ငွေပြန်အမ်းခြင်း သို့မဟုတ် အမှာစာပယ်ဖျက်ခြင်း ပြုလုပ်ပေးမည်မဟုတ်ပါ။
6. Subscription Services၆။ Subscription ဝန်ဆောင်မှုများ
Subscription Services will renew according to the billing cycle shown at the time of purchase. Recurring subscription fees will be charged using the selected payment method, subject to successful payment authorization. Customers may cancel their subscription before the next renewal date through the available account settings or by contacting TOP HR. Cancellation will normally take effect at the end of the current paid subscription period, unless otherwise stated. If a recurring payment fails, TOP HR may suspend access until payment is successfully received.Subscription ဝန်ဆောင်မှုများသည် ဝယ်ယူချိန်တွင် ဖော်ပြထားသည့် Billing Cycle အတိုင်း ပြန်လည်သက်တမ်းတိုးမည်ဖြစ်ပါသည်။ Subscription အတွက် ထပ်မံပေးချေရမည့် အခကြေးငွေများကို Customer ရွေးချယ်ထားသော ငွေပေးချေမှုနည်းလမ်းဖြင့် ငွေပေးချေမှု အတည်ပြုချက် အောင်မြင်ပါက ကောက်ခံမည်ဖြစ်ပါသည်။ Customer များသည် နောက်တစ်ကြိမ် Subscription သက်တမ်းတိုးမည့်ရက်မတိုင်မီ Account Settings မှတစ်ဆင့် သို့မဟုတ် TOP HR ထံ ဆက်သွယ်၍ Subscription ကို ပယ်ဖျက်နိုင်ပါသည်။ အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိပါက Subscription ပယ်ဖျက်မှုသည် လက်ရှိငွေပေးချေထားသော Subscription ကာလကုန်ဆုံးချိန်တွင် အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ ပုံမှန်ပြန်လည်ကောက်ခံရမည့် ငွေပေးချေမှု မအောင်မြင်ပါက ငွေပေးချေမှု အောင်မြင်စွာ လက်ခံရရှိသည်အထိ TOP HR သည် Subscription အသုံးပြုခွင့်ကို ဆိုင်းငံ့ထားနိုင်ပါသည်။
7. Promotions and Discounts၇။ ပရိုမိုးရှင်းများနှင့် လျှော့ဈေးများ
Promotions, discounts, vouchers, and special offers may have additional terms, expiry dates, or usage limits. Unless otherwise stated, promotional offers cannot be combined or exchanged for cash.ပရိုမိုးရှင်းများ၊ လျှော့ဈေးများ၊ Voucher များနှင့် အထူးကမ်းလှမ်းချက်များတွင် သီးခြား စည်းကမ်းချက်များ၊ သက်တမ်းကုန်ဆုံးရက် သို့မဟုတ် အသုံးပြုခွင့်ကန့်သတ်ချက်များ ရှိနိုင်ပါသည်။ အခြားနည်းဖြင့် ဖော်ပြထားခြင်းမရှိပါက ပရိုမိုးရှင်းကမ်းလှမ်းချက်များကို ပေါင်းစပ်အသုံးပြု၍ မရပါ သို့မဟုတ် ငွေသားအဖြစ် လဲလှယ်၍ မရပါ။
8. Customer Information၈။ Customer အချက်အလက်များ
Customers must provide accurate and complete information required for payment, delivery, account registration, and digital access. Customers are responsible for keeping their account and access information secure and must not share paid digital access with unauthorized persons.Customer များသည် ငွေပေးချေခြင်း၊ ပေးပို့ခြင်း၊ Account မှတ်ပုံတင်ခြင်းနှင့် Digital Access ရရှိခြင်းတို့အတွက် လိုအပ်သော တိကျမှန်ကန်ပြီး ပြည့်စုံသော အချက်အလက်များကို ပေးအပ်ရမည်ဖြစ်ပါသည်။ Customer များသည် မိမိတို့၏ Account နှင့် အသုံးပြုခွင့်ဆိုင်ရာ အချက်အလက်များကို လုံခြုံစွာ ထိန်းသိမ်းရမည်ဖြစ်ပြီး ငွေပေးချေထားသော Digital Access ကို ခွင့်ပြုချက်မရှိသူများနှင့် မျှဝေခြင်း မပြုရပါ။
9. Intellectual Property၉။ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများ
All books, digital materials, content, templates, guides, and other materials provided by TOP HR remain the intellectual property of TOP HR or the relevant rights holder unless otherwise stated.TOP HR မှ ပေးအပ်သော စာအုပ်များ၊ Digital Materials များ၊ Content၊ Templates၊ Guides နှင့် အခြားပစ္စည်းများသည် အခြားနည်းဖြင့် သတ်မှတ်ထားခြင်းမရှိပါက TOP HR သို့မဟုတ် သက်ဆိုင်ရာ မူပိုင်ခွင့်ပိုင်ရှင်၏ ဉာဏပစ္စည်းဆိုင်ရာ အခွင့်အရေးများအဖြစ် ဆက်လက်တည်ရှိမည် ဖြစ်ပါသည်။
Customers must not copy, reproduce, publish, resell, commercially distribute, or share digital materials without written permission from TOP HR.TOP HR ၏ စာဖြင့် ခွင့်ပြုချက်မရှိဘဲ Digital Materials များကို မိတ္တူကူးခြင်း၊ ပြန်လည် ထုတ်လုပ်ခြင်း၊ ထုတ်ဝေခြင်း၊ ပြန်လည်ရောင်းချခြင်း၊ စီးပွားရေးအရ ဖြန့်ဝေခြင်း သို့မဟုတ် မျှဝေခြင်း မပြုရပါ။
10. Privacy and Personal Information၁၀။ ကိုယ်ရေးအချက်အလက်များနှင့် လုံခြုံရေး
Personal information collected during purchases, payments, account registration, delivery, or subscription services will be handled in accordance with TOP HR's Privacy Policy and applicable law.ဝယ်ယူခြင်း၊ ငွေပေးချေခြင်း၊ Account မှတ်ပုံတင်ခြင်း၊ ပေးပို့ခြင်း သို့မဟုတ် Subscription ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ ရရှိသော ကိုယ်ရေးအချက်အလက်များကို TOP HR ၏ Privacy Policy နှင့် သက်ဆိုင်ရာဥပဒေများနှင့်အညီ ကိုင်တွယ်အသုံးပြုမည်ဖြစ်ပါသည်။
11. Service Availability၁၁။ ဝန်ဆောင်မှုရရှိနိုင်မှု
TOP HR will make reasonable efforts to provide purchased products and digital access as described. However, delays or interruptions may occur due to circumstances beyond TOP HR's reasonable control, including internet, payment systems, power outages, third-party platforms, government actions, or other unforeseen events.TOP HR သည် ဝယ်ယူထားသော Product များနှင့် Digital Access များကို ဖော်ပြထားသည့်အတိုင်း ပေးအပ်နိုင်ရန် သင့်လျော်သော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်မည် ဖြစ်ပါသည်။ သို့သော် Internet၊ Payment System၊ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု၊ Third-Party Platform၊ အစိုးရ၏ လုပ်ဆောင်ချက်များ သို့မဟုတ် TOP HR ၏ ထိန်းချုပ်နိုင်မှုအပြင်ဘက်ရှိ မမျှော်လင့်ထားသော အခြေအနေများကြောင့် နှောင့်နှေးခြင်း သို့မဟုတ် ဝန်ဆောင်မှုပြတ်တောက်ခြင်း ဖြစ်နိုင်ပါသည်။
12. Customer Support၁၂။ Customer Support
For questions or concerns regarding an order, payment, delivery, digital access, or subscription, customers may contact TOP HR using the contact details provided on the website. TOP HR will make reasonable efforts to review and resolve customer concerns within a reasonable period.အမှာစာ၊ ငွေပေးချေမှု၊ ပေးပို့ခြင်း၊ Digital Access သို့မဟုတ် Subscription နှင့် ပတ်သက်၍ မေးမြန်းလိုသည်များ သို့မဟုတ် အခက်အခဲများရှိပါက Website တွင် ဖော်ပြထားသော ဆက်သွယ်ရန်အချက်အလက်များမှတစ်ဆင့် TOP HR ထံ ဆက်သွယ်နိုင်ပါသည်။ TOP HR သည် Customer များ၏ မေးမြန်းချက်များနှင့် အခက်အခဲများကို သင့်လျော်သော အချိန်ကာလအတွင်း စိစစ်၍ ဖြေရှင်းပေးနိုင်ရန် ကြိုးပမ်းဆောင်ရွက်မည်ဖြစ်ပါသည်။
13. Changes to These Terms၁၃။ စည်းကမ်းချက်များ ပြောင်းလဲခြင်း
TOP HR may update these Terms from time to time to reflect changes in its products, services, technology, or applicable laws. The latest version will be posted on the TOP HR website with the updated date.TOP HR သည် ၎င်း၏ Product များ၊ ဝန်ဆောင်မှုများ၊ နည်းပညာများ သို့မဟုတ် သက်ဆိုင်ရာဥပဒေများ ပြောင်းလဲမှုများနှင့်အညီ ဤစည်းကမ်းချက်များကို အခါအားလျော်စွာ ပြင်ဆင်နိုင်ပါသည်။ နောက်ဆုံးပြင်ဆင်ထားသော စည်းကမ်းချက်များကို ပြင်ဆင်သည့်ရက်စွဲနှင့်အတူ TOP HR Website တွင် ထုတ်ပြန်ထားမည်ဖြစ်ပါသည်။
14. Governing Law၁၄။ သက်ဆိုင်ရာ ဥပဒေ
These Terms and Conditions are governed by the applicable laws of Myanmar. By placing an order or making a payment, you acknowledge that you have read, understood, and agreed to these Terms and Conditions.ဤစည်းကမ်းချက်များသည် မြန်မာနိုင်ငံတွင် သက်ဆိုင်သော ဥပဒေများနှင့်အညီ အကျုံးဝင်ပြီး အဓိပ္ပာယ်ဖွင့်ဆိုမည်ဖြစ်ပါသည်။ အမှာစာတင်ခြင်း သို့မဟုတ် ငွေပေးချေခြင်း ပြုလုပ်ခြင်းဖြင့် ဤစည်းကမ်းချက်များကို ဖတ်ရှု၊ နားလည်ပြီး သဘောတူလက်ခံကြောင်း အတည်ပြုပါသည်။