Why TOP HR Solutions is the Best Choice? TOP HR Solutions ကို ဘာကြောင့် ရွေးချယ်သင့်သလဲ
Dynamic Team, Deep Expertise အတွေ့အကြုံပြည့်ဝသော ကျွမ်းကျင်သူအဖွဲ့
Our team comprises seasoned HR professionals, retired high-ranking officials, and labor law experts. With a proven track record in government, local, and international organizations, we deliver forward-thinking strategies and innovative solutions tailored to complex HR challenges. We are your trusted partner for achieving organizational excellence. Top HR Solutions တွင် အတွေ့အကြုံရင့်ကျက်သော HR Professionals များ၊ အငြိမ်းစား အဆင့်မြင့်အစိုးရအရာရှိများနှင့် အလုပ်သမားဥပဒေ ကျွမ်းကျင်သူများ ပါဝင်ပါသည်။ အစိုးရအဖွဲ့အစည်းများ၊ ပြည်တွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် ရရှိခဲ့သော လက်တွေ့အတွေ့အကြုံများနှင့် ခေတ်နှင့်အညီ HR ပညာရပ်များကို ပေါင်းစပ်အသုံးချ၍ ရှုပ်ထွေးသော HR စိန်ခေါ်မှုများအတွက် လက်တွေ့ကျပြီး ထိရောက်သော ဖြေရှင်းချက်များကို ပံ့ပိုးပေးပါသည်။
Uncompromising Quality အရည်အသွေးကို ဦးစားပေးခြင်း
We are committed to delivering excellence. Backed by a team of uniquely skilled professionals, we provide tailored HR solutions and recruitment services designed to meet your organization’s specific needs. Our focus is on measurable results and elevating your operations to the next level. Quality is not just our promise—it’s our standard. အရည်အသွေးပြည့်ပြီး ယုံကြည်စိတ်ချရသော HR Solutions များကို Client တစ်ဦးချင်းစီ၏ လိုအပ်ချက်နှင့်အညီ ပံ့ပိုးပေးရန် ကျွန်ုပ်တို့ အလေးထားဆောင်ရွက်ပါသည်။ ကျွမ်းကျင်သော Professionals များဖြင့် လက်တွေ့အသုံးချနိုင်သော ဖြေရှင်းချက်များ၊ တိကျသန့်ရှင်းသော ရလဒ်များနှင့် ရေရှည်အကျိုးဖြစ်ထွန်းမှုကို အဓိကထား၍ အဖွဲ့အစည်းများ၏ HR Practices နှင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမိုကောင်းမွန်လာစေရန် ပံ့ပိုးပေးပါသည်။
Initiative and Leading HR Services Provider ဆန်းသစ်တီထွင်သော HR ဝန်ဆောင်မှုများနှင့် အစပြုဆောင်ရွက်မှုများ
Staying aligned with global HR trends, we have introduced groundbreaking initiatives: TOP HR Solutions သည် ခေတ်နှင့်အညီ ပြောင်းလဲလာသော HR နှင့် အလုပ်သမားဥပဒေဆိုင်ရာ လိုအပ်ချက်များကို အမြဲလေ့လာလိုက်နာပြီး မြန်မာနိုင်ငံရှိ လုပ်ငန်းများနှင့် HR Professionals များအတွက် အောက်ပါလုပ်ငန်းများကို အစပြုဆောင်ရွက်ခဲ့ပါသည်။
▶ The first to publish the Compendium of Myanmar Labour Laws. ▶ မြန်မာအလုပ်သမားဥပဒေများ စုစည်းချက် (Compendium of Myanmar Labour Laws) ကို ထုတ်ဝေခဲ့ပြီး HR Professionals နှင့် အဖွဲ့အစည်းများအတွက် လက်တွေ့အသုံးချနိုင်သော ကိုးကားစာအုပ်အဖြစ် ပထမဆုံးထုတ်ဝေခဲ့ပါသည်။
▶ The first to develop the Labour Law Compliance Auditing (Self-Assessment Guide). ▶ အလုပ်သမားဥပဒေ လိုက်နာမှု စစ်ဆေးခြင်း (Self-Assessment Guide) ကို ဖော်ဆောင်ပေးခဲ့ပြီး အဖွဲ့အစည်းများအနေဖြင့် မိမိတို့၏ Labour Law Compliance အခြေအနေကို ကိုယ်တိုင် စစ်ဆေးသုံးသပ်ပြီး ပိုမိုကောင်းမွန်အောင် ပြင်ဆင်နိုင်ရန် ကူညီပေးခဲ့ပါသည်။
▶ The first to conduct specialized labour law courses. ▶ အထူးပြု အလုပ်သမားဥပဒေသင်တန်းများကို ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများနှင့် ပတ်သက်သော လက်တွေ့အသုံးချနိုင်သည့် အသိပညာနှင့် နားလည်မှုများ တိုးတက်လာစေရန် ပံ့ပိုးပေးခဲ့ပါသည်။
▶ These pioneering efforts demonstrate our commitment to setting new benchmarks for HR excellence in Myanmar. ▶ ကျွန်ုပ်တို့ဆောင်ရွက်ချက်များသည် မြန်မာနိုင်ငံတွင် လက်တွေ့ကျသော HR Solutions များ ပံ့ပိုးပေးခြင်း၊ HR Professionals များ၏ ကျွမ်းကျင်မှု မြှင့်တင်တိုးတက်စေခြင်းနှင့် HR Practices များကို စနစ်တကျ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းအပေါ် TOP HR Solutions ၏ ကတိကဝတ်ကို ဖော်ပြနေပါသည်။
Our team of skilled HR management experts provide tailored HR solutions for businesses in Myanmar, ensuring full compliance with local regulations and navigating personnel challenges with ease. Our services include policy reviews, contract development, employee handbook creation, and expert guidance for all stages of your business growth
ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော HR Management Professionals များဖြင့် ဖွဲ့စည်းထားသည့် Top HR Solutions သည် လုပ်ငန်းတစ်ခုချင်းစီ၏ လိုအပ်ချက်နှင့် ကိုက်ညီ၍ လက်တွေ့ကျပြီး ထိရောက်သော HR Solutions များကို ပံ့ပိုးပေးပါသည်။
တည်ဆဲဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ရန် ပံ့ပိုးပေးသည့်အပြင် ဝန်ထမ်းရေးရာ စိန်ခေါ်မှုများကို ထိရောက်စွာ ဖြေရှင်းနိုင်ရန် ကျွမ်းကျင်သော အကြံပေးလမ်းညွှန်မှုများကို ပေးအပ်ပါသည်။ Top HR Solutions ၏ ဝန်ဆောင်မှုများတွင် HR Policies များ ပြန်လည်သုံးသပ်ခြင်း၊ အလုပ်အကိုင်စာချုပ်များ(Employment Contracts)များကို တည်ဆဲအလုပ်သမားဥပဒေများနှင့်အညီ ချုပ်ဆိုပေးခြင်း ၊ Employee Handbook ပြုစုခြင်း နှင့် လုပ်ငန်းစတင်တည်ထောင်သည့်အဆင့်မှ လုပ်ငန်းတိုးချဲ့ဖွံ့ဖြိုးသည့်အဆင့်အထိ လုပ်ငန်း၏ လိုအပ်ချက်နှင့်အညီ HR အတိုင်ပင်ခံနှင့် အကြံပေးဝန်ဆောင်မှုများကို ပံ့ပိုးပေးခြင်းတို့ ပါဝင်ပါသည်။
As your company grows, managing HR can become a time-consuming burden. Outsource your HR to TOP HR Solutions and unlock valuable time for strategic initiatives. We handle the day-to-day tasks, allowing you to focus on what matters most: growing your bussiness.
HR လုပ်ငန်းများကို ကိုယ်တိုင်စီမံခန့်ခွဲခြင်းကြောင့် အချိန်နှင့် အရင်းအမြစ်များ များစွာအသုံးပြုနေရပါက TOP HR Solutions ၏ HR Outsource ဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် လူကြီးမင်း၏ အဓိကလုပ်ငန်းများနှင့် တိုးတက်ကြီးထွားရေးအပေါ် ပိုမိုအာရုံစိုက်နိုင်မည်ဖြစ်ပါသည်။
Top HR Solution မှ Day to Day HR လုပ်ငန်းများကို ကျွမ်းကျင်စွာ တာဝန်ယူစီမံပေးပြီး ဝန်ထမ်းရေးရာကိစ္စများမှ ပိုမိုထိရောက်သောရလဒ်နှင့် HR လုပ်ငန်းများကို ချောမွေ့စေရန် ပံ့ပိုးပေးပါသည်။
We offer tailored recruiting solutions to help businesses find the right talent for temporary, permanent, or executive roles. Our experienced HR team utilizes advanced sourcing techniques and a vast network to deliver top candidates who align with your company’s culture and goals. We focus on quality, efficiency, and long-term success, ensuring the perfect fit for your team.
TOP HR Solutions သည် ယာယီဝန်ထမ်း၊ အမြဲတမ်းဝန်ထမ်းနှင့် အမှုဆောင်အဆင့်ဝန်ထမ်းများအတွက် လုပ်ငန်း၏လိုအပ်ချက်နှင့် ကိုက်ညီသော အရည်အချင်းပြည့်ဝသူများကို ရှာဖွေရေးချယ်ပေးပါသည်။
အတွေ့အကြုံရှိသော HR Team နှင့် ကျယ်ပြန့်သော Professional Network ကို အသုံးပြု၍ လူကြီးမင်းတို့၏ Business Goals နှင့် Company Culture နှင့် ကိုက်ညီသော လူ့စွမ်းအားရင်းမြစ်များကို ရရှိစေရန် ထိရောက်စွာ ပံ့ပိုးပေးပါသည်။
In today’s fast-paced business environment, staying ahead requires more than just strategy—it demands a well-trained workforce ready to adapt and excel. That’s where we come in. Our dynamic training solutions are designed to meet the unique needs of your business, delivered by seasoned professionals right at your preferred location. Whether it’s upskilling your team or fostering stronger collaboration, we’ve got you covered.
TOP HR Solutions သည် လူကြီးမင်းလုပ်ငန်း/အဖွဲ့အစည်း၏ လိုအပ်ချက်နှင့် ကိုက်ညီသော Customized Training & Workshop Solutions များတည်ဆောက်ပြီး ဝန်ထမ်းများ၏ ကျွမ်းကျင်မှု၊ စွမ်းဆောင်ရည်နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးတက်စေရန် ပံ့ပိုးပေးပါသည်။
အတွေ့အကြုံရှိကျွမ်းကျင်သော ပညာရှင်များမှ သင်တန်းများကို On-site သို့မဟုတ် သင့်မိမိထားသောနေရာများတွင် ထိရောက်စွာ ပို့ချပေးပြီး အဖွဲ့အစည်း၏ လုပ်ငန်းရည်မှန်းချက်များနှင့် ကိုက်ညီသော လက်တွေ့အသုံးချနိုင်သည့် Learning Solutions များကို ပံ့ပိုးပေးပါသည်။
At TOP Publishing & Printing Service, we bring your brand to life with high-quality, customized solutions! Whether you need sleek corporate uniforms, professional business essentials, or standout promotional items, we’ve got you covered all in one place!
TOP Publishing & Printing Service သည် လူကြီးမင်းတို့လုပ်ငန်း၏ Brand Image နှင့် လိုအပ်ချက်များနှင့် ကိုက်ညီသော ထုတ်ဝေရေး၊ ပုံနှိပ်ရေးနှင့် Branding ဆိုင်ရာ ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးပါသည်။
Corporate Uniforms၊ Business Essentials နှင့် Promotional Items များကို အရည်အသွေးကောင်းမွန်စွာ တစ်နေရာတည်းတွင် စိတ်ကြိုက်ဝန်ဆောင်မှုပေးပါသည်။
Our online software, People Manager makes HR easy. It simplifies your HR tasks. Recruit, develop, and manage your employees with ease. People Manager is secure and integrates smoothly with your existing systems, giving you a complete HR solution.
TOP HR Solutions ၏ Cloud-based People Manager Software သည် HR လုပ်ငန်းစဉ်များကို ရိုးရှင်းလွယ်ကူစွာ စီမံခန့်ခွဲနိုင်ရန် ပံ့ပိုးပေးပါသည်။
ဝန်ထမ်းခေါ်ယူခြင်း၊ ဝန်ထမ်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ဝန်ထမ်းစီမံခန့်ခွဲမှုများကို ထိရောက်လွယ်ကူစွာ ဆောင်ရွက်နိုင်ပြီး လုံခြုံစိတ်ချရသော စနစ်ဖြင့် လက်ရှိအသုံးပြုနေသော စနစ်များနှင့်လည်း ချောမွေ့စွာ ပေါင်းစပ်အသုံးပြုနိုင်ပါသည်။