Message from CEO အမှုဆောင်အရာရှိချုပ်၏ အမှာစကား

At Top HR Solutions, we believe that a thriving workforce is the foundation of a thriving nation. We are committed to supporting businesses in creating positive and productive work environments that foster employee engagement and drive sustainable growth. တိုးတက်အောင်မြင်သော လူ့စွမ်းအားအရင်းအမြစ်များသည် နိုင်ငံတော်၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော အခြေခံအုတ်မြစ်တစ်ရပ်ဖြစ်သည်ဟု TOP HR Solutions မှ ယုံကြည်ပါသည်။ ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ရေရှည်တည်တံ့သော တိုးတက်မှုကို ဖော်ဆောင်နိုင်သည့် အပြုသဘောဆောင်ပြီး လုပ်ငန်းလိုအပ်ချက်များနှင့် လိုက်လျောညီထွေသော ထိရောက်သည့် လုပ်ငန်းခွင်ပတ်ဝန်းကျင်များ ဖန်တီးနိုင်ရန် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီပေးခြင်းကို အလေးထားဆောင်ရွက်လျက်ရှိပါသည်။

Welcome to TOP HR Solutions

 

We at TOP HR Solutions are passionate about empowering businesses and individuals in Myanmar to reach their full potential. Since our inception in 2014, we have been dedicated to providing comprehensive and innovative HR solutions that address the evolving needs of the unique Myanmar market.


Our journey began with a commitment to excellence, offering a wide range of services to foreign investment firms and joint venture businesses. Over the years, we have consistently expanded our expertise, establishing Myanmar Career Bridge Academy in 2015 to nurture future HR leaders through tailored training programs.


Recognizing the critical importance of legal compliance, we published “Compendium of Myanmar Labour Laws” in 2019, a significant contribution to the HR community in Myanmar. This comprehensive book, approved by the Ministry of Labour, serves as a valuable reference for anyone dealing with Human Resources Management.


Building on this success, we published the “Labour Law Compliance Auditing (2020) Self-Assessment Guide” in both Myanmar and English. This user-friendly guide empowers employers and HR personnel to conduct self-audits of their HR processes to ensure compliance with relevant regulations.


Furthermore, we published “Myanmar Labour Laws and its related rules & regulations,” providing a comprehensive resource that includes policies, rules & regulations, and procedures related to human resources management for easy reference and implementation.

At Top HR Solutions, we believe that a thriving workforce is the foundation of a thriving nation. We are committed to supporting businesses in creating positive and productive work environments that foster employee engagement and drive sustainable growth.

We are optimistic about the future of Myanmar and are dedicated to playing a vital role in its economic and social development. We invite you to partner with us as we navigate the challenges and seize the opportunities that lie ahead.


Sincerely,
Maw Maw Tun
Chief Executive Officer
TOP HR Solutions Co., Ltd.

TOP HR Solutions မှ ကြိုဆိုပါသည်

TOP HR Solutions အနေဖြင့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းစီ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည်များကို အပြည့်အဝ ဖော်ထုတ်အသုံးချနိုင်စေရန် ပံ့ပိုးကူညီပေးခြင်းကို အလေးထားဆောင်ရွက်ပါသည်။

၂၀၁၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့်အချိန်မှစ၍ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ပြောင်းလဲလာသော လုပ်ငန်းလိုအပ်ချက်များအတွက် ကိုက်ညီ၍ ပြည့်စုံပြီး ဆန်းသစ်တီထွင်သော HR Solutions များကို ပံ့ပိုးပေးနိုင်ရန် အစဉ်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

ကျွန်ုပ်တို့၏ ခရီးစဉ်သည် အရည်အသွေးနှင့် ထူးချွန်မှုကို အခြေခံသည့် ဦးတည်ချက်တစ်ခုဖြင့် စတင်ခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ဖက်စပ်လုပ်ငန်းများအပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအတွက် HR ဝန်ဆောင်မှုများကို ပေးအပ်ခဲ့ပါသည်။ ထို့ပြင် Top HR Solutions ၏ ကျွမ်းကျင်မှုနှင့် ဝန်ဆောင်မှုပံ့ပိုးမှုများကို အစဉ်ပြတ် တိုးချဲ့ခဲ့ပါသည်။

၂၀၁၅ ခုနှစ်တွင် Myanmar Career Bridge Academy (MCBA) ကို တည်ထောင်ခဲ့ပြီး အနာဂတ် HR ခေါင်းဆောင်များ ဖော်ထုတ်လာစေရန် လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းပို့ချခြင်း အစီအစဉ်များဖြင့် ပံ့ပိုးဆောင်ရွက်ခဲ့ပါသည်။

ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်း၏ အရေးပါမှုကို အလေးထားသည့်အနေဖြင့် ၂၀၁၉ ခုနှစ်တွင် Compendium of Myanmar Labour Laws ကို ထုတ်ဝေခဲ့ပါသည်။ အဆိုပါစာအုပ်သည် မြန်မာနိုင်ငံ၏ HR နှင့် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်သူများအတွက် အလုပ်သမားဥပဒေများကို လွယ်ကူစွာ ကိုးကားလေ့လာနိုင်ရန် ရည်ရွယ်ထားသော အရေးပါသည့် ကိုးကားစာအုပ်တစ်ခုဖြစ်ပါသည်။

ထို့နောက် Labour Law Compliance Auditing (2020) Self-Assessment Guide ကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့် ဆက်လက်ထုတ်ဝေခဲ့ပါသည်။ အဆိုပါလမ်းညွှန်စာအုပ်မှတစ်ဆင့် အလုပ်ရှင်များနှင့် HR ဝန်ထမ်းများသည် မိမိတို့၏ HR လုပ်ငန်းစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ကိုယ်တိုင်စစ်ဆေးသုံးသပ်နိုင်ပြီး သက်ဆိုင်ရာ အလုပ်သမားဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်နိုင်ရန် အထောက်အကူပြုပါသည်။

ထို့အပြင် Myanmar Labour Laws and its Related Rules & Regulations ကိုလည်း ထုတ်ဝေခဲ့ပြီး လုပ်ငန်းအဖွဲ့အစည်းများအတွက် စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သော ဥပဒေများ၊ မူဝါဒများ၊ စည်းမျဉ်းစည်းကမ်းများနှင့် လုပ်ထုံးလုပ်နည်းများကို ကိုးကားလေ့လာနိုင်ရန် စုစည်းပေးထားပါသည်။

တိုးတက်ဖွံ့ဖြိုးသော လုပ်သားအင်အားအဖွဲ့များသည် တိုးတက်ဖွံ့ဖြိုးသော နိုင်ငံတစ်နိုင်ငံ၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု TOP HR Solutions မှ ယုံကြည်ပါသည်။ ဝန်ထမ်းများ၏ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုနှင့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးပြီး ရေရှည်တည်တံ့သော တိုးတက်မှုကို ဖော်ဆောင်နိုင်သည့် အပြုသဘောဆောင်ပြီး ထိရောက်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်များ ဖန်တီးနိုင်ရန် Top HR Solutions ၏ အတွေ့အကြုံနှင့် အရည်အချင်းပြည့်ဝမှုတို့ဖြင့် အလေးထားဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်နိုင်ရန် ကျွန်ုပ်တို့က အလားအလာကောင်းများကို အလွန်ကြီးမားစွာ ယုံကြည်ပါသည်။ ရှေ့ဆက်ရမည့် စိန်ခေါ်မှုများကို အတူတကွ ဖြေရှင်းပြီး ရှေ့လာမည့် အခွင့်အလမ်းများကို အကောင်အထည်ဖော်နိုင်ရန် TOP HR Solutions နှင့်အတူ ယုံကြည်စိတ်ချရသော မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်အပ်ပါသည်။

လေးစားစွာဖြင့်
ဒေါ်မော်မော်ထွန်း
အမှုဆောင်အရာရှိချုပ်
TOP HR Solutions Co., Ltd.

Meet Our Team Members

Daw Maw Maw Tun

Founder & CEO

Daw Ei Myat Mon

Payroll Specialist

Daw Yuzana

Business Development Director

Daw Wai Wai Tun

Chief Accountant

Daw Hsu Myat Htet

Office Secretary

Meet Our Advisors

Daw Kyi Kyi Nyein

Consultant

Ma Khin MiMi Kyaw

Associate HR Consultant

U Kyaw Yee Oo

Legal Advisor_Labour Law Expert

Our Core Value ကျွန်ုပ်တို့၏ အဓိကခံယူချက်များ

Image
Integrity & Compliance သမာဓိနှင့် ဥပဒေစည်းမျဉ်းလိုက်နာမှု

We uphold the highest ethical standards and ensure businesses stay fully compliant with Myanmar’s labor laws, fostering trust and stability အမြင့်မားဆုံးသော ကျင့်ဝတ်နှင့် ပရော်ဖက်ရှင်နယ်စံနှုန်းများကို အလေးထားလိုက်နာပြီး လုပ်ငန်းများအနေဖြင့် မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများနှင့် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ထိရောက်စွာ လိုက်နာနိုင်ရန် ပံ့ပိုးကူညီပေးပါသည်။ ထိုမှတစ်ဆင့် ယုံကြည်မှု၊ တည်ငြိမ်မှုနှင့် ကောင်းမွန်သော အလုပ်ရှင်–ဝန်ထမ်းဆက်ဆံရေး ကို တည်ဆောက်နိုင်ရန် အထောက်အကူပြုပါသည်။

Empowering through Client-centric Approach Client လိုအပ်ချက်ကို အလေးထားခြင်းဖြင့် စွမ်းဆောင်ရည် မြှင့်တင်ပေးခြင်း

We embrace modern HR approaches and tailor solutions to meet the evolving workforce challenges in Myanmar’s dynamic business environment. မြန်မာနိုင်ငံ၏ စီးပွားရေးပတ်ဝန်းကျင်နှင့် လုပ်ငန်းခွင်ဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခေတ်နှင့်အညီ HR စီမံခန့်ခွဲမှုနည်းလမ်းများကို အသုံးပြု၍ Client တစ်ဦးချင်းစီ၏ လုပ်ငန်းလိုအပ်ချက်နှင့် ကိုက်ညီသော လက်တွေ့အသုံးချနိုင်သည့် HR Solutions များကို ပံ့ပိုးပေးပါသည်။

Innovation & Adaptability ဆန်းသစ်တီထွင်မှုနှင့် လိုက်လျောညီထွေ ပြောင်းလဲနိုင်မှု

We empower organisatons with customized HR strategies, talent solutions & leadership development, always putting clients at the center to drive long-term success. အဖွဲ့အစည်းများ၏ ရေရှည်အောင်မြင်မှုနှင့် တိုးတက်မှုအတွက် Client များ၏ လိုအပ်ချက်များကို အဓိကထား၍ လုပ်ငန်းနှင့် ကိုက်ညီသော HR မဟာဗျူဟာများ၊ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ ဖြေရှင်းချက်များနှင့် ခေါင်းဆောင်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို လိုအပ်ချက်နှင့်အညီ ဆန်းသစ်စွာ ရေးဆွဲပံ့ပိုးပေးပါသည်။