HR Consulting Service HR အတိုင်ပင်ခံဝန်ဆောင်မှုများ

Explore more ပိုမိုလေ့လာရန်

HR Outsourcing Services HR Outsourcing ဝန်ဆောင်မှု

Explore more ပိုမိုလေ့လာရန်

Recruiting Services ဝန်ထမ်းခေါ်ယူရွေးချယ်ပေးခြင်း ဝန်ဆောင်မှု

Explore more ပိုမိုလေ့လာရန်

Training Services သင်တန်းနှင့် လေ့ကျင့်ရေး ဝန်ဆောင်မှုများ

Explore more ပိုမိုလေ့လာရန်

Publishing & Printing Services ထုတ်ဝေရေးနှင့် ပုံနှိပ်ရေး ဝန်ဆောင်မှုများ

Explore more ပိုမိုလေ့လာရန်

HRIS Software Solutions HRIS ဆော့ဖ်ဝဲ ဖြေရှင်းချက်များ

Explore more ပိုမိုလေ့လာရန်

Your Trusted HR Partner in Myanmar သင့်အတွက် မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချရဆုံး HR မိတ်ဖက်

Myanmar’s leading provider of Reliable and Compliant HR Solutions

မြန်မာနိုင်ငံ၏ ယုံကြည်စိတ်ချ၍ ဥပဒေစည်းမျဉ်းနှင့်အညီဖြစ်သော လူ့စွမ်းအားအရင်းအမြစ် ဖြေရှင်းနည်းများကို ဦးဆောင်ပံ့ပိုးပေးနေသော အဖွဲ့အစည်း

TOP HR At A Glance TOP HR အကျဉ်းချုပ်

TOP HR Solutions, founded in December 2014, is Myanmar’s premier human resource consultancy firm, delivering comprehensive HR solutions to both local and international clients. Our expertise spans HR consulting, outsourcing, recruitment, training, and advisory services, with a strong emphasis on employment law compliance and workforce readiness. 

What sets TOP HR Solutions apart is our synergistic approach, leveraging key partnerships and dedicated platforms to provide end-to-end HR support. Through Myanmar Career Bridge Academy (MCBA), we help produce skilled, job-ready workers, ensuring clients have access to a highly competent talent pool. Our TOP HR Publishing House serves as a knowledge hub, offering HR-related legal resources, compliance guides, and regulatory updates that equip businesses with essential insights.

With a deep understanding of Myanmar’s labour laws and regulatory framework, we specialize in delivering expert guidance to help our clients maintain full compliance with local regulations. Our highly experienced team combines extensive knowledge of the regulatory landscape with a thorough grasp of local market dynamics, enabling us to deliver tailored solutions to from local conglomerates, MSMEs to MNCs, INGOs, UN agencies. We are committed to supporting our clients in navigating Myanmar’s complex regulatory environment, ensuring compliance, fostering productive workplace cultures, and enabling smooth HR operations and management across all business activities. 

TOP HR Solutions သည် ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် စတင်တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်း လူ့စွမ်းအားအရင်းအမြစ် (HR) အတိုင်ပင်ခံကုမ္ပဏီတစ်ခုဖြစ်ကာ ပြည်တွင်းနှင့် နိုင်ငံတကာဖောက်သည်များအတွက် ပြည့်စုံသော HR ဖြေရှင်းချက်များကို ပေးအပ်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုများတွင် HR Consulting၊ Outsourcing၊ Recruitment၊ Training နှင့် Advisory Services များအပြင် အလုပ်အကိုင်ဆိုင်ရာဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်နိုင်ရေးနှင့် လုပ်ငန်းခွင်အတွက် အဆင်သင့်ဖြစ်သော လုပ်သားအင်အား ဖော်ဆောင်ပေးရေးတို့ကို အထူးအလေးထားဆောင်ရွက်ပါသည်။

TOP HR Solutions ကို အခြားသော HR ဝန်ဆောင်မှုပေးသူများနှင့် ကွဲပြားစေသည့်အချက်မှာ အဓိကမိတ်ဖက်အဖွဲ့အစည်းများနှင့် သီးခြားဝန်ဆောင်မှုပလက်ဖောင်းများကို ထိရောက်စွာ ပေါင်းစပ်အသုံးချ၍ HR လိုအပ်ချက်များကို အစမှအဆုံးအထိ ပံ့ပိုးပေးနိုင်သည့် နည်းလမ်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပါသည်။ Myanmar Career Bridge Academy (MCBA) မှတစ်ဆင့် ကျွမ်းကျင်မှုရှိပြီး အလုပ်ခွင်သို့ ဝင်ရောက်ရန် အဆင်သင့်ဖြစ်သော လုပ်သားများကို မွေးထုတ်ပေးကာ ဖောက်သည်များအနေဖြင့် အရည်အချင်းပြည့်ဝသော လုပ်သားအင်အားစု (Talent Pool) ကို ရရှိနိုင်စေရန် ပံ့ပိုးပေးပါသည်။ ထို့အပြင် TOP HR Publishing House သည် HR နှင့်သက်ဆိုင်သော ဥပဒေရေးရာအချက်အလက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ရေး လမ်းညွှန်ချက်များ (Compliance Guides) နှင့် စည်းမျဉ်းဥပဒေများ ပြောင်းလဲမှုဆိုင်ရာ နောက်ဆုံးအချက်အလက်များကို ပေးအပ်သည့် ဗဟုသုတရင်းမြစ်တစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။

မြန်မာနိုင်ငံ၏ အလုပ်သမားဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ မူဘောင်များကို နက်ရှိုင်းစွာ နားလည်ကျွမ်းကျင်မှုရှိသည့်အတွက် ဖောက်သည်များအနေဖြင့် ဒေသတွင်း တည်ဆဲစည်းမျဉ်းစည်းကမ်းများနှင့် အပြည့်အဝကိုက်ညီစွာ လုပ်ငန်းဆောင်ရွက်နိုင်ရန် ကျွမ်းကျင်သော အကြံပေးလမ်းညွှန်မှုများကို ပေးအပ်ရာတွင် အထူးကျွမ်းကျင်ပါသည်။ အတွေ့အကြုံနှင့် ကျွမ်းကျင်မှုမြင့်မားသော ကျွန်ုပ်တို့၏အဖွဲ့သည် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင်အပေါ် ကျယ်ပြန့်သော အသိပညာနှင့် ပြည်တွင်းဈေးကွက်၏ အခြေအနေများအပေါ် နက်ရှိုင်းစွာ နားလည်သဘောပေါက်မှုတို့ကို ပေါင်းစပ်အသုံးချ၍ ပြည်တွင်းကုမ္ပဏီအုပ်စုကြီးများ၊ MSMEs များမှ MNCs များ၊ INGOs များနှင့် UN Agencies များအထိ လုပ်ငန်းတစ်ခုချင်းစီ၏ လိုအပ်ချက်နှင့်ကိုက်ညီသော ဖြေရှင်းချက်များကို ပေးအပ်နိုင်ပါသည်။ မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင်အတွင်း ဖောက်သည်များအနေဖြင့် မှန်ကန်စွာ လမ်းညွှန်ဆောင်ရွက်နိုင်ရန်၊ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ရန်၊ ထိရောက်အကျိုးရှိသော လုပ်ငန်းခွင်ယဉ်ကျေးမှုများကို ဖော်ဆောင်နိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုအားလုံးတွင် HR လုပ်ငန်းစဉ်များနှင့် စီမံခန့်ခွဲမှုများကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ကျွန်ုပ်တို့မှ အစဉ်အမြဲ ပံ့ပိုးကူညီပေးလျက်ရှိပါသည်။

100+

Local Corporate

40+

MNC

20+

INGO/UN Sector

30+

Garment Sector

Our Vision & Mission ကျွန်ုပ်တို့၏ မျှော်မှန်းချက်နှင့် ရည်မှန်းချက်

VISION မျှော်မှန်းချက် (Vision)

To be Myanmar’s leading provider of reliable and compliant HR solutions, empowering businesses and international organizations to achieve success while fostering positive workplace cultures. We aim to inspire meaningful transformation, support sustainable growth, and contribute to a thriving business ecosystem in Myanmar and beyond. ယုံကြည်စိတ်ချပြီး ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖြေရှင်းချက်များကို ပေးအပ်သည့် မြန်မာနိုင်ငံ၏ ထိပ်တန်း ဝန်ဆောင်မှုပေးသူ တစ်ဦးအဖြစ် ရပ်တည်ရန်၊ လုပ်ငန်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ အောင်မြင်မှု ရရှိစေရန် ပံ့ပိုးကူညီပေးရန်နှင့် အပြုသဘောဆောင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုများ ဖော်ဆောင်နိုင်ရန် ရည်ရွယ်ပါသည်။ ထို့အပြင် အဓိပ္ပါယ်ရှိသော ပြောင်းလဲတိုးတက်မှုများကို ဖြစ်ပေါ်စေရန်၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးပေးရန်နှင့် မြန်မာနိုင်ငံနှင့် နိုင်ငံတကာတွင် ရှင်သန်ဖွံ့ဖြိုးတိုးတက်သော စီးပွားရေးပတ်ဝန်းကျင်တစ်ရပ် ဖြစ်ပေါ်လာစေရန် အထောက်အကူပြုရန် ရည်မှန်းထားပါသည်။

MISSION ရည်မှန်းချက် (Mission)

Our mission is to be trusted partners in driving organizational excellence and advancing performance through innovative HR practices. We are committed to fostering a culture of continuous improvement that aligns with our clients’ strategic goals. At TOP HR Solutions, we deliver expert HR services to help businesses navigate Myanmar’s regulatory landscape, ensure compliance, and build high-performing, harmonious workplaces. ဆန်းသစ်တီထွင်သော HR လုပ်ငန်းစဉ်များမှတစ်ဆင့် အဖွဲ့အစည်းများ၏ ထူးချွန်ကောင်းမွန်မှုနှင့် လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေရန် ယုံကြည်စိတ်ချသော မိတ်ဖက်အဖြစ် ပံ့ပိုးကူညီရန် ဖြစ်ပါသည်။ ဖောက်သည်များ၏ မဟာဗျူဟာမြောက် ရည်မှန်းချက်များနှင့် ကိုက်ညီစေရန် အစဉ်မပြတ် တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သည့် လုပ်ငန်းခွင်ယဉ်ကျေးမှုတစ်ရပ်ကို ဖော်ဆောင်ရန် ကျွန်ုပ်တို့က အလေးထားပါသည်။ TOP HR Solutions အနေဖြင့် မြန်မာနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ပတ်ဝန်းကျင်အတွင်း လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရန်၊ သက်ဆိုင်ရာ ဥပဒေများနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာနိုင်ရန်နှင့် စွမ်းဆောင်ရည်မြင့်မားပြီး ညီညွတ်မျှတသော လုပ်ငန်းခွင်များ တည်ဆောက်နိုင်ရန် ကျွမ်းကျင်သော HR ဝန်ဆောင်မှုဆိုင်ရာများကို ပေးအပ်လျက်ရှိပါသည်။

Message from CEO အမှုဆောင်အရာရှိချုပ်၏ အမှာစကား

At Top HR Solutions, we believe that a thriving workforce is the foundation of a thriving nation. We are committed to supporting businesses in creating positive and productive work environments that foster employee engagement and drive sustainable growth. တိုးတက်အောင်မြင်သော လုပ်သားထုသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကအခြေခံအုတ်မြစ်ဖြစ်သည်ဟု ကျွန်ုပ်တို့ TOP HR Solutions မှ ယုံကြည်ပါသည်။ ဝန်ထမ်းများ၏ ပါဝင်ဆောင်ရွက်မှုကို မြှင့်တင်ပေးပြီး ရေရှည်တည်တံ့သော တိုးတက်မှုကို ဖော်ဆောင်နိုင်သည့် အပြုသဘောဆောင်ပြီး ထိရောက်သော လုပ်ငန်းခွင်ပတ်ဝန်းကျင်များကို ဖန်တီးနိုင်ရန် စီးပွားရေးလုပ်ငန်းများအား ပံ့ပိုးကူညီပေးရန် ကျွန်ုပ်တို့က အလေးထားဆောင်ရွက်လျက်ရှိပါသည်။

Our Journey

Our Journey

Unified Solutions Hub

Ensuring compliance, building skilled workforces, and providing HR solutions that empower businesses to thrive.

TOP HR Solutions Unified Solutions Hub

Download Our Company Profile

Get to know us better and see how we can assist you

What Our People Say About Us